Part 3

734 89 4
                                    

Unicode ver

အိမ်ပြန်ရောက်တော့ ဖိနပ်ချွတ်ကာ အိမ်ခန်းထဲဝင်သွားပြီး ကုတင်ပေါ်မှာ လှဲချလိုက်ကာ

**ငါလည်း ဘာလို့ ရင်းတောင်မရင်းနှီးသေးတဲ့ လူတယောက် အကောင့်တွေ ဖုန်းနံပါတ်တွေ ဘာလို့ ပေးမိသွားပါလိမ့်..**

**အားးးဂျွန်ဂျောင်ဂု မင်းက အရူးပဲ..**

ကိုယ့်ဟာကို အပြစ်တင်းနေရင်း ခေါက်ဆွဲစားနေတုန်း သူ့ကို ပြုံးပြုံးလေး ငေးကြည့်နေတဲ့ စီနီယာရဲ့ အပြုံးကို မျက်လုံးထဲပြန်မြင်ယောင်လာလို့ ရှက်ကို ရှက်ကန်းနဲ့ ဘေးနားက Cooky ရုပ်လေးကို ယူ ဖက်ကာ ပြုံးစိစိနဲ့ လုပ်နေသည်။

**ငါဘာလို့ ပြုံးနေမိပါလိမ့်...**

ခနာကြာတော့ အတွေးတွေကို ရပ်ကာ ရေသွားချိုးလိုက်သည်။

ရေချိုးပြီးတော့ ဖုန်းသုံးမယ် လုပ်နေတုန်း ဘဏ် ကတ်ထဲက ပိုက်ဆံသိပ်မကျန်တော့တဲ့ အကြောင်းသွားသတိရသွားသည်။

**အား.... ငါဘဏ်ကတ်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့ဘူးပဲ စီနီယာ လာရင် ကျွေးဖို့ မုန့်မရှိရင် ရှက်စရာကြီး...**

သူက တခါခါဝယ်ရင် ₩30000, ₩40000 လောက်သုံးတာကြောင့် ကိုယ့်ဟာကို ဝတ်ဖို့ အကျီအသစ်လေးတွေတောင် မဝယ်ရတာ တော်တော်ကြာပြီ ဖြစ်သည်။skin sensitive ဖြစ်တတ်တာကြောင့် skin care တွေကို သူကြိုက်တဲ့ Brand sale ချတဲ့ အချိန်မှ မြန်မြန်ပြေးဝယ်တတ်သည်။စားဖို့အဓိကမို့ skin care တွေဆို တစက်ချင်းစီသာ သုံးသည်။

**အမေ့စီက တောင်းလိုက်ရမလား??**

**မေမေ အတွက် အဆင်မပြေရင်ရော??**

**ကိုယ်ဟာကိုပဲ အချိန်ပိုင်းလုပ်ပြီး ရှာရင် ပိုကောင်းမယ်ထင်တယ်..**

**အာ...ဟုတ်သားပဲ အကိုက သူ့ကုမ္မဏီမှာ အလုပ်လာလုပ်လို့ရတယ်လို့ပြောထားတယ်ဟ ငါ့မေ့နေတာ..**

**သွား Hi လိုက်ရင်း ကောင်းမလား??"

**အလုပ်ရချင်ရင်တော့ ဒီလောက်ကတော့ လုပ်ရဲ ရမှာပေါ့ ဂျွန်ဂျောင်ဂုရာ မင်းဘာတွေကြောက်နေတာလဲ?**

ကိုယ်ဟာကို အားပေးပြီး သွား Hi လိုက်သည်။

အာညော်

Falling In Love : KTH x JJKWhere stories live. Discover now