Come For Ya - 4

2.1K 238 2
                                    

[ မင်းကိုသဘောကျနေတာက ကိုယ့်ရဲ့လျှို့ဝှက်ချက် ]

နှစ်ကုန်ခါနီးမှာကောင်လေးက
အမြဲတမ်းဝန်ထမ်းဖြစ်လာခဲ့သည်။ နှစ်သစ်လက်ဆောင်အနေနဲ့ ဟုန်ပေါင်းတွေပေးဖို့ လက်ထောက်ကိုညွှန်ကြားလိုက်ပြီးမှ စိတ်ကူးရသွားပြီး။

" နှစ်ကုန်ပါတီကျင်းပမယ်။ မတက်မနေရ "

လက်ထောက်ရဲ့မေးခွန်းမျက်ဝန်းတွေကို ရှောင်ဖယ်ပြီး အချိန်ပိုမဆင်းရအောင် စက်ရုပ်လိုအမြန်နှုန်းနဲ့အလုပ်လုပ်နေခဲ့သည်။

ဝန်ထမ်းတွေအတွက်ဆိုင်တစ်ဆိုင်လုံးငှားထားတာကြောင့် ကလပ်ထဲရောက်နေတဲ့လူများလို လွတ်လပ်နေကြတော့သည်။ ရှောင်းကျန့်ရောက်လာသည့်အချိန်တွင် လူအုပ်ကြီးကမူးရူးနေကြတော့သည်။

လူတွေဘယ်လောက်ရှုပ်နေပါစေ မျက်စိတစ်မှိတ်အတွင်း ကောင်လေးကိုရှာတွေ့ခဲ့သည်။

တစ်ယောက်တည်းသီးခြားဖြစ်နေတာကြောင့် ဘေးနားသို့သွားမလားစဥ်းစားမိပေမဲ့ ယောကျာ်းလေးနှစ်ယောက်ဖြစ်နေတော့။ တစ်ဆိုင်လုံးကိုမျက်စိကစားကြည့်လိုက်ပြီးတဲ့​နောက် ရှောင်းကျန့်သက်ပြင်းချလိုက်သည်။

အကုန်လုံးမူးနေကြတာ သတိမထားမိလောက်ပါဘူး။

ရှောင်းကျန့်သတ္တိရှိရှိနဲ့ကောင်လေးအနားသို့သွားပြီး။

" ကိုယ်ထိုင်လို့ရမလား "

"ရပါတယ်။ ဆရာ"

ရာထူးအနိမ့်အမြင့်ကြောင့်ခေါ်မှန်းသိပေမဲ့ ရင်ထဲသိမ့်ကနဲခံစားသွားရသည်။ ကောင်လေးအသံကအရမ်းကို
နားထောင်လို့ကောင်းနေတာများလား ?

နီးကပ်နေကြသည့်အခါ ဘေးနားကလူရဲ့အပူချိန်ကိုခံစားမိလေသည်။ အရက်မသောက်နိုင်တာကြောင့် သူကခွက်ကိုဟန်ပြကိုင်ထားပေမဲ့ ကောင်လေးကတော့တစ်ခွက်ပြီးတစ်ခွက်မော့နေတော့သည်။

' အချစ်လေး ကိုယ့်ကိုပြောပါဦး ? မင်းဘယ်သူ့ကြောင့်အခုလိုသောက်နေတာလဲ '

မေးချင်ပေမဲ့ အံကိုကြိတ်လိုက်ပြီး ဘေးတွင်ခပ်ဆိတ်ဆိတ်ငြိမ်နေခဲ့သည်။

你是我的秘密 (Come For Ya) [ ZHANYI ]Where stories live. Discover now