Come for Ya - 1

5.6K 292 1
                                    

[ မင်းကိုသဘောကျနေတာက ကိုယ့်ရဲ့လျှို့ဝှက်ချက်လေး ]

လက်ထဲရှိဖုန်းကိုသာတစိုက်မတ်မတ်ကြည့်နေခဲ့ပေမဲ့ တစ်ကိုယ်လုံးရှိအာရုံကြောတွေကတော့နိုးကြားနေခဲ့သည်။
ဘေးချင်းကပ်ရပ်နေတဲ့ကောင်လေးကြောင့် ဖြစ်နိုင်သည်။
ဓာတ်လှေကားထဲတွင် တခြားလူများလည်းရှိနေပေမဲ့ မိမိရဲ့အာရုံတွေကတော့ ထိုတစ်ယောက်ပေါ်မြဲမြံနေခဲ့သည်။

နူးညံ့တဲ့မျက်နှာထားကြောင့် ဓာတ်လှေကားထဲဝင်လာတဲ့ ဝန်ထမ်းတွေကတစ်ယောက်ပြီးတစ်ယောက် အပြုံးဖြင့်နှုတ်ဆက်ကြသည်။
နံဘေးနားသို့ရောက်လာသည့်ကောင်လေးကတော့ သူ့အား ခေါင်းညိမ့်လို့နှုတ်ဆက်သည်။

အများနည်းတူပြုံးပြလိုက်ပေမဲ့
စတိုင်ပန်ထဲထည့်ထားတဲ့လက်က လက်သီးကိုခပ်တင်းတင်းဆုပ်မိသည်။ ကောင်လေးကိုကြာကြာမကြည့်မိဖို့
ကြိုးစားရသည်မှာအတော်လေးကို ပင်ပန်းသည်။

၂၅ထပ်ကိုမြန်မြန်ရောက်ပါစေလို့သာ ရင်ထဲတွင်ဆုတောင်းနေမိတော့သည်။

Ting ~

၂၅ထပ်ကိုရောက်သောအခါ ကောင်လေးနဲ့အတူဝန်ထမ်းများစွာ ဓာတ်လှေကားထဲမှထွက်သွားကြသည်။ အရပ်ရှည်သည့်အကျိုးကျေးဇူးနဲ့ ကောင်လေးရဲ့ဘေးတိုက်မျက်နှာကိုမြင်လိုက်ရသေးသည်။

ဓာတ်လှေကားရဲ့တံခါးပိတ်သွားသည့်အခါမှ ရှောင်းကျန့် ကြမ်းပြင်ကိုခြေနဲ့ဆောင့်ပြီး မျက်နှာကိုလက်ဖြင့်အုပ်ထားတော့သည်။

" အချစ်လေး ( 亲爱的 ချင်းအိုက်သာ့ ) က ချောလိုက်တာ "

ကုမ္ပဏီတစ်ခုကိုအုပ်ချုပ်ရတဲ့အကြီးပိုင်းရာထူးရှိသည့် ရှောင်းကျန့် ကောင်လေးတစ်ယောက်ကြောင့် နှလုံးခုန်သံတွေမငြိမ်မသက်ဖြစ်ခဲ့ရသည်မှာ နှစ်ချီတော့မည်ဖြစ်သည်။

ထူးဆန်းတဲ့အချစ်အကြောင်းပြောရမယ်ဆိုရင် ကုမ္ပဏီကိုလာတဲ့လမ်းမှာ မီးပွိုင့်မိနေတုန်းမြင်မိတဲ့ကောင်လေးကြောင့် သူ့ရဲ့နှလုံးသားကရုတ်တရတ်လှုပ်ခတ်သွားခဲ့သည်။

စက္ကန့်ဝက်မျှအချိန်လေးအတွင်းမှာ သူ့ရဲ့နှလုံးသားကလူတစ်ယောက်အပေါ် လုံးလုံးလျားလျားသက်ဆင်းသွားခဲ့ရသည်။

07-10-21



[ မင္းကိုသေဘာက်ေနတာက ကိုယ့္ရဲ႕လွ်ို႔ဝွက္ခ်က္ေလး ]

လက္ထဲရွိဖုန္းကိုသာတစိုက္မတ္မတ္ၾကည့္ေနခဲ့ေပမဲ့ တစ္ကိုယ္လုံးရွိအာ႐ုံေၾကာေတြကေတာ့နိုးၾကားေနခဲ့သည္။
ေဘးခ်င္းကပ္ရပ္ေနတဲ့ေကာင္ေလးေၾကာင့္ ျဖစ္နိုင္သည္။
ဓာတ္ေလွကားထဲတြင္ တျခားလူမ်ားလည္းရွိေနေပမဲ့ မိမိရဲ႕အာ႐ုံေတြကေတာ့ ထိုတစ္ေယာက္ေပၚၿမဲၿမံေနခဲ့သည္။

ႏူးညံ့တဲ့မ်က္ႏွာထားေၾကာင့္ ဓာတ္ေလွကားထဲဝင္လာတဲ့ ဝန္ထမ္းေတြကတစ္ေယာက္ၿပီးတစ္ေယာက္ အၿပဳံးျဖင့္ႏႈတ္ဆက္ၾကသည္။
နံေဘးနားသို႔ေရာက္လာသည့္ေကာင္ေလးကေတာ့ သူ႕အား ေခါင္းညိမ့္လို႔ႏႈတ္ဆက္သည္။

အမ်ားနည္းတူၿပဳံးျပလိုက္ေပမဲ့
စတိုင္ပန္ထဲထည့္ထားတဲ့လက္က လက္သီးကိုခပ္တင္းတင္းဆုပ္မိသည္။ ေကာင္ေလးကိုၾကာၾကာမၾကည့္မိဖို႔
ႀကိဳးစားရသည္မွာအေတာ္ေလးကို ပင္ပန္းသည္။

၂၅ထပ္ကိုျမန္ျမန္ေရာက္ပါေစလို႔သာ ရင္ထဲတြင္ဆုေတာင္းေနမိေတာ့သည္။

Ting ~

၂၅ထပ္ကိုေရာက္ေသာအခါ ေကာင္ေလးနဲ႕အတူဝန္ထမ္းမ်ားစြာ ဓာတ္ေလွကားထဲမွထြက္သြားၾကသည္။ အရပ္ရွည္သည့္အက်ိဳးေက်းဇူးနဲ႕ ေကာင္ေလးရဲ႕ေဘးတိုက္မ်က္ႏွာကိုျမင္လိုက္ရေသးသည္။

ဓာတ္ေလွကားရဲ႕တံခါးပိတ္သြားသည့္အခါမွ ေရွာင္းက်န့္ ၾကမ္းျပင္ကိုေျခနဲ႕ေဆာင့္ၿပီး မ်က္ႏွာကိုလက္ျဖင့္အုပ္ထားေတာ့သည္။

" အခ်စ္ေလး ( 亲爱的 ခ်င္းအိုက္သာ့ ) က ေခ်ာလိုက္တာ "

ကုမၸဏီတစ္ခုကိုအုပ္ခ်ဳပ္ရတဲ့အႀကီးပိုင္းရာထူးရွိသည့္ ေရွာင္းက်န့္ ေကာင္ေလးတစ္ေယာက္ေၾကာင့္ ႏွလုံးခုန္သံေတြမၿငိမ္မသက္ျဖစ္ခဲ့ရသည္မွာ ႏွစ္ခ်ီေတာ့မည္ျဖစ္သည္။

ထူးဆန္းတဲ့အခ်စ္အေၾကာင္းေျပာရမယ္ဆိုရင္ ကုမၸဏီကိုလာတဲ့လမ္းမွာ မီးပြိုင့္မိေနတုန္းျမင္မိတဲ့ေကာင္ေလးေၾကာင့္ သူ႕ရဲ႕ႏွလုံးသားက႐ုတ္တရတ္လႈပ္ခတ္သြားခဲ့သည္။

စကၠန့္ဝက္မွ်အခ်ိန္ေလးအတြင္းမွာ သူ႕ရဲ႕ႏွလုံးသားကလူတစ္ေယာက္အေပၚ လုံးလုံးလ်ားလ်ားသက္ဆင္းသြားခဲ့ရသည္။

07-10-21








你是我的秘密 (Come For Ya) [ ZHANYI ]Où les histoires vivent. Découvrez maintenant