Part (8)

385 46 2
                                    

သားတို့သမီးတို့က ရှစ်တန်းတောင်​ ရောက်နေပြီ မကြာခင် လူကြီးဖြစ်တော့မှာ။ လူတွေကဘယ်နေ့မှာဘာလုပ်ခဲ့တယ်ဆိုတာ အရေးကြီးတဲ့အရာတွေကလွဲလို့မေ့သွားတက်ကြတယ်။ အဲ့တော့ မမေ့အောင် ဘယ်အချိန်ပြန်လှန်ကြည့်ကြည့် ဘယ်နေ့မှာဘာ လုပ်ခဲ့တယ် သိရအောင် ဒိုင်ယာယီရေးတဲ့အကျင့်လေးလဲလုပ်ပေးဒိုင်ယာယီဆိုတာ အတိတ်ရဲ့အရိပ်ဘဲကွယ့် နားလည်ကြလား''

"ဟုတ် ဟုတ်... ''

" ကျောင်းစာဖြစ်ဖြစ် ဒိုင်ယာယီဖြစ်ဖြစ် အမြဲရက်စွဲတက်ဖို့ဆရာမမှာချငိတယ်နော် ကယ် အခန်း တစ်ကို စလှန်တော့....''ဟုဆိုလိုက်သည်နှင့် အတန်းထဲတွင် စာရွက်လှန် သံများညံကုန်တော့သည်။

ထိုသို့​ဖြင့် သန့်တို့၏ တစ်နေ့တာ စာသင်​ခြင်း စလေပြီဖြစ်သည်။
အတန်းချိန် တစ်ချိန်ပြီးတစ်ချိန်ကုန်ဆုံးကာ နေ့လည်ထမင်းစားဆင်းသည့်အချိန်တွင် သန့် အိမ်မပြန်တော့ဘဲ ကျောင်းကန်တင်းမှ မုန့်ဝယ်စားကာဗိုက်ဖြည့်လိုက်သည်။ မေ့ဖို့လဲဝယ်ကာ သွားပေးလိုက်သည်။

ကျောင်းတက်တော့ကျန်ရှိသည့်စာသင်ချိန်များကို ဆက်သင်ရသည်။ ညနေကျောင်းဆင်းချိန်သို့ရောက်သောအခါ

"မေ ကိုယ်သွားစရာရှိလို့ သူရနဲ့ပြန်လိုက်နော်''

"ဟင် ဘာလို့လဲ ''

"ကိုယ်ဝင်စရာလေးရှိလို့''

"မေကောလိုက်လို့မရဘူးလား''

"မေ့ကိုခေါ်ချင်ပေမယ့် အန်တီမြတ်က ကျောင်းဆင်းချိန် အိမ်ပြန်မလာရင် မျော်နေမှာဆိုးလို့ ''

"သူရ မေ့ကို​စောင့် ခေါ်သွားလိုက်ဦး''

"မင်းမပြောလဲ ခေါ်ပါတယ် ''

"အေးပါ သွားပြီမေ ''
ဟုဆိုကာ သန့်တစ်ယောက် စက်ဘီးလေးကို ဒုန်းနင်းသွားတော့သည်။

သန့် ဒီ​​နေ့ဆရာမပြောသည့်ဒိုင်ယာရီ​ ရေးသည့် အကြောင်းအရာနှင့်ပတ်သတ်ပြီး စိတ်ကူးတခုရခဲ့၍ အိမ်သို့တန်းမပြန်သေးဘဲ စာရေးကရိယာရောင်းသည့်ဆိုင်သို့ထွက်လာခဲ့သည်။

ဒိုင်ယာရီရေးသည့်အလေ့အထကို မိမိဖတ်နေသည့် စာအုပ်အချို့တွင်ဖတ်ဖူးသော်လည်း ကိုယ်တိုင်ရေးကြည့်ဖို့တခါမျှမတွေးဖူးပါ ။ ပျင်းစရာကောင်းသည့်မိမိ၏နေ့စဥ်ဘဝ ကို ရေးနေလျှင်လည်းထူးခြားမည်မဟုတ် ပါဘူးလေဟု တွေးကာ မရေးခဲ့။ ဒီနေ့ ဆရာမတိုက်တွန်းလိုက်သည့်အချိန်တွင်  အတွေးအချို့ဖြတ်ပြေးသွားကာ နေ့စဥ်ဒိုင်ယာယီရေးဖြစ်တော့မည်မှာအသေအချာပင်ဖြစ်သည်။

more than 1500 loveDonde viven las historias. Descúbrelo ahora