Jonginnie - 1

5.5K 449 120
                                    

ပြောရမယ်ဆိုရင်တော့ အဲ့ဒီကလေးလေးက
အိုဆယ်ဟွန်း တို့လို စီနီယာတွေရဲ့
အသိုင်းအဝိုင်းထဲမှာ အရမ်းနာမည်ကြီးတယ်။

အကြောင်းပြချက်က တစ်ခုထဲ...။
ချစ်စရာကောင်းလို့။
လမ်းလျှောက်တာ၊ စကားပြောတာ၊ စိတ်မကြည်ရင် မျက်နှာလေးဆူပုပ်နေတာက
အစချစ်ဖို့ကောင်းလို့...။

ဆိုတော့... စီနီယာတွေမှာ
ကလေးလေး သည်းသည်းလေးဆိုပြီး
သည်းသည်းလှုပ်
ချင်နေတဲ့သူတွေချည်းပဲ။

ဒီ The whole king အသစ်စက်စက်
ပေါက်စလေးကို လိုက်နေတဲ့
year အစုံ major အစုံ က လူတွေမှ
အများကြီးပဲ!!

ပြောရရင်တော့ စိတ်နာတယ်။
ကျွန်တော်တို့နှစ် king ရွေးခဲ့တုန်းက major king ရော the whole king ရောပါရပြီး
ကျောင်းပေါင်းစုံအထိနာမည်ကြီးခဲ့တဲ့
တစ်မိုးအောက် တစ်ယောက်
ကျွန်တော် အိုဆယ်ဟွန်းက လဲ အဲ့ဒီထဲက
တစ်ယောက်ဖြစ်နေရဲ့။

၃ နှစ်တာလုံးလုံး
တွဲမယ်ပြောခဲ့သမျှ လူတွေကို
ချေပြီး ငြင်းခဲ့တဲ့ နှလုံးသားဆိုတဲ့
အကောင်ကြီးက ဒီ နို့နံ့မစင်သေးတဲ့ ကလေးလိုလို
ကောင်လေးကိုမှ ဖုတ်ခနဲ ဖတ်ခနဲ့ ကြွေကျ
သွားတာ ဖြစ်သင့်ရဲ့လား!!

မဖြစ်သင့်ပေမယ့် ဖြစ်နေပါတယ်.... ။

ဒါပေမယ့်လဲ.. ကျွန်တော်က အဲ့ဒီ ကလေးလေး
အတွက် သူများတွေနဲ့ လုံးဝမတူဘူး။
ဘယ်သူမှ အဲ့ဒီလိုမပြောပေမယ့်..
ကျွန်တော်ထင်နေတာပဲ။

ကျွန်တော့်ကိုတော့ အားလုံးထက် သူကပိုပါတယ်။
ဘာ ပိုတာလဲ ဆိုတော့..
ဆိုးတာပိုတာ..။
ရှယ် plan ရှယ် package နဲ့ဆိုးတာ..။
.
.
.

" ဘယ်မှာလဲ ။ ကန်တင်းမှာလား။
ကျွန်တော်ကျောင်းရှေ့ရောက်ပြီ ၊
မနက်စာ ကြိုမှာထား"

" မှာထားပေးမှာပေါ့။
ကလေးလေးက ဘာစားချင်တာလဲ"

" မသိဘူး ။ မှာချင်တာမှာထား"

ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ ဂျုံအင်ကြောင့်
ကျွန်တော် မနက်စာအတွက်
အနည်းငယ်စဉ်းစားလိုက်ရသည်။

-AFFINITY ROMANCE-Where stories live. Discover now