Dream - 4

2.7K 355 40
                                    

အတော်အသင့်လူရှင်းနေသည့် ကျောင်းကော်ရစ်ဒါကို ရောက်သည့်အခါတွင်ဆယ်ဟွန်း အရှေ့တွင်
သွားနေသည့် ဂျုံအင့်ရဲ့လက်ကို ဆွဲကာ ကိုယ်ကို
ဆွဲလှည့်လိုက်မိသည်။

ဂျုံအင်က သူ့ကို လှည့်ကြည့်လာပြီးနောက်
လက်ကိုရုန်း၏။
ဆယ်ဟွန်း လက်ကို လွှတ်ပေးလိုက်မိသည်။

"ကိုယ်..."

" မကြားချင်ဘူး...ဘာမှ"

ဆယ်ဟွန်း ခေါင်းတစ်ချက်ညိတ်ပြကာ
တိတ်ဆိတ်နေလိုက်သည်။
ထိုအပြုအမူကိုကြည့်ပြီး ဂျုံအင်ကပို၍
စိတ်တိုမိသွား၏။

ဟိုအရင်တုန်းက မကြားချင်ဘူးဆိုလည်း စကားတွေ ရေပက်မဝင်ပြောခဲ့တာ ဘယ်သူမို့လို့လဲ။

ဂျုံအင်က ဘာတွေများအပြစ်ကြီးကြီးလုပ်မိလို့
စီနီယာက အဲ့ဒီလို ဖြစ်နေရတာလဲ!!

တွေးလေ စိတ်တိုလေဖြစ်လာသည့်အဆုံး စိတ်ကို
ထိန်းထားဖို့ မကြိုးစားမိတော့ဘဲ လွယ်ထားသည့်
လွယ်အိတ်ကိုချွတ်ကာ စီနီယာ့ရဲ့ ရင်ဘတ်ဆီသို့
ဂျုံအင်ပေါက်ပစ်လိုက်သည်။

"ချစ်တယ်ဆို ကျွန်တော့်ကို ကြိုက်တယ်ဆို!"

"......."

" ဘာလို့ ကျွန်တော်မကြိုက်တာ လုပ်နေတာလဲ!"

"....."

" ဘာလို့ ကျွန်တော့်ကို စိတ်တိုအောင်
လုပ်နေတာလဲ!!"

"ကိုယ် လက်လျှော့သင့်နေပြီထင်လို့"

ဆယ်ဟွန်းက သူ့ခြေရင်းမှာကျသွားတဲ့ ဂျုံအင့်ရဲ့
လွယ်အိတ်ကိုကောက်ပေးကာ ပုံမှန်လေသံနဲ့
ခပ်အေးအေးပင်ပြောသည်။

" ဘာပြောတယ်"

"ကိုယ့်ဘက်က မင်းကို သေလောက်အောင်
ကြိုက်နေပါစေဦး မင်းဘက်က ကိုယ့်ကို
စိတ်မရှိဘူးဆို..။ မင်းပြောပြီးပြီလေ။ ဒါကို
ကိုယ်ကထပ်တွယ်ကပ်နေရင်
မင်းအတွက်အနှောက်အယှက်သက်သက်ပဲ
ဖြစ်နေတော့မှာပေါ့ ။ တစ်ကြိမ်ငြင်းတာ အကြောင်း
မဟုတ်ပေမဲ့ မင်းက အကြိမ်ကြိမ်ငြင်းနေပြီမို့
ကိုယ်လည်း လူကြီးတစ်ယောက်အနေနဲ့
မင်းရဲ့အတွေးကို လေးစားပေးရတော့မယ်လေ"

-AFFINITY ROMANCE-Where stories live. Discover now