Do You Love me? - 3

2.5K 321 65
                                    

- ဖုန်းကိုင်နော် ကလေးလေး။
မကိုင်ရင် နောက်နေ့ ထပ်နမ်းမှာ !

-ကျောင်းမော်ကွန်းထိန်းနဲ့တိုင်မှာ

- တိုင်ချင်တဲ့လူနဲ့တိုင် ရအောင် နမ်းမှာ

- မနမ်းနဲ့လို့ သူ့ရည်းစားလည်း မဟုတ်ဘဲနဲ့

- ဂရုမစိုက်ဘူးကွာ ။ လုပ်ချင်တာလုပ်မှာ ။

ဆယ်ဟွန်း message ပို့ရင်း ပြုံးနေမိသည်။
ညနေက စိတ်မထိန်းနိုင်၍ ဖက်နမ်းပစ်လိုက်တဲ့
ကိစ္စအပြီးမှာတော့ ဂျုံအင်က သူ့acc ကို block
သွားခဲ့ပြီး သူဖုန်းဆက်တာပါမကိုင်တော့။

ဖုန်းကိုတော့ မ block သေးတာမို့ ဆယ်ဟွန်း ဖုန်းခေါ် ပြန်တော့လည်း မကိုင်။
Text Message တော့ပြန်ပို့တာမို့ ဆယ်ဟွန်း
ဖုန်းကိုင်ဖို့ပြောရင်း
ချစ်စနိုးဖြစ်ကာစနေမိသည်။

- စီနီယာ့ကို တအားမုန်းတာ သိလား !!!

- ဟေ့ ။ အကြီးကို အဲ့ဒီလိုမပြောရဘူး ။

- မုန်းတယ် ! မုန်းတယ်!!

- အေး ။ မင်းတော့ကိုယ်နဲ့ တွေ့ပြီ
မနက်ဖြန် အတန်းထဲလာပြီး လူတွေရှေ့မှာ
နမ်းပစ်မယ်။

Message လေး seen ဖြစ်သွားပြီး ချက်ချင်းမှာပဲ
ဂျုံအင့်ဆီက ဖုန်းလေးကဝင်လာတော့သည်။
ဆယ်ဟွန်း တစ်ချက်ရယ်လိုက်ပြီးမှ ချောင်းအသာ
ဟန့်ကာ ကိုင်လိုက်သည်။

"တကယ်ပဲ ဘာဖြစ်နေတာလဲလို့!!"

စူးနေအောင်အော်ချလိုက်သည့်အသံလေးကြောင့်
ဆယ်ဟွန်း အလိုလိုပြုံးမိသွားရသည်။

"ကိုယ်ဘာလုပ်လို့လဲ"

"ဘာလို့ လူကို လာစနေတာလဲလို့ !"

"စတာမဟုတ်ဘူး ၊ တကယ်
လုပ်မှာတွေပြောနေတာ"

"မပြောပါနဲ့ဆို "

ဂျုံအင့်အသံလေးက တိုးတိမ်ကာဝင်သွားသည်။
ထို့နောက် ရှိူက်သံလေးတွေစီနေအောင် ထွက်လာ
တာမို့ ဆယ်ဟွန်းမှာ မျက်လုံးပြူးမိသွားရသည်။

"ကလေးလေး ငိုနေတာလား"

"မသိဘူး လာမမေးနဲ့ မုန်းတယ် ။"

ပြန်ဖြေသည့်စကားသံလေးက ရှိုက်သံလေးတွေ
ရောယှက်လျှက်။
ဆယ်ဟွန်း ရယ်ရမလို ငိုရမလိုပင်ဖြစ်သွားရသည်။

-AFFINITY ROMANCE-Tempat cerita menjadi hidup. Temukan sekarang