*မေတ္တာလွှမ်းတဲ့ ဆူးခင်းလမ်း*
Part (1)
********************ဖုန်ထူထူနဲ့မြေသားလမ်းကျည်းလေးတစ်ခုမှာတစ်ရွေ့ရွေ့ မောင်းနှင်လာတဲ့ လေးဘီး အငှားကား ပေါ် တွင် ခရီးသည်များပြည့်လျံစွာ
လိုက်ပါစီးနှင်းလာကြသည် ဒီလောက် ဆိုးဝါးတဲ့လမ်း တွေကို ဖြတ်
ကျော်၍ နေ့စဉ်နေ့တိုင်း မြို့ပေါ်တက် ရောင်းဝယ်ဖောက်ကားကာ
အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဒေသခံ လူတွေကို win တွေး
ကြည့်ရုံနဲ့ သနားရလေသည် ဒါက တရုတ်မြန်မာ နယ်စပ်ကနယ်မြို့လေး တစ်ခုကြား က အများသုံး လမ်းမကြီး တစ်ခုပင် ဖြစ်နေ
သည်မဟုတ်ပါလား လမ်းတစ်လျှောက်လုံး ဟိုလူး ဒီလိမ့်ဖြင့် ခုန်ပေါက်နေသည့် ကားပေါ်မှာ ခရီးသည်များလည်း ပင်ပန်း ဖျော့လျော့
နေကြလေသည် win ကားထဲကို တိုးဝင်လာသည့် ဖုန်မှုန့် တွေကို
လက်တစ်ဖက်ဖြင့် ခါရမ်းရင်း မျက်နှာပေါ်တပ်ထားသည့်Mask ကို
သေသေချာချာ ပြန်တည့်လိုက်ချိန်တွင် ကားက ရုတ်တရက် ရပ်
တန့်သွားသည့်မို့ win ကိုယ်လေး ရှေ့သို့ ယိမ်းယိုင်ကာ လှဲထိုးကျ
မလိုပင် ဖြစ်သွားရလေသည်*ဆင်းကြ ကားပေါ်က လူတွေ အားလုံးဆင်းကျ *
မာကြောသောအသံတစ်ခုနဲ့အတူ ကားပေါ်မှ ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်ကာကားပေါ်က ဆင်း၍ လမ်းမပေါ်တွင် စုပုံထိုင်လိုက်ကြရသည်
*တစ်ယောက်မှ မလှုပ်နဲ့နော် လက်တွေ မြောက်ထား မြေမှာဝပ်
ကိုယ်ကို မြေကြီးပေါ် ဝပ်ထားကြ လှုပ်တာနဲ့ အသေပဲ*လူ ဆယ်ယောက်လောက် သေနတ်တွေ ကိုယ်စီနဲ့ ကြမ်းတမ်းစွာ
ပြောဆိုနေတာ တွေကို Win ကြားနေရပေမဲ့ ထိုသူတို့ ဘာ ပြောနေသည်ကို နားမလည်ပါ ဒါပေမဲ့ အများတွေ လုပ်သလိုပဲ လက်ကို မြောက်ကာခေါင်းငုံ့ ထားလိုက်လေသည် ထိုသူတို့က ဘယ်သူတွေများပါလိမ့်ပြည်တွင်းစစ်တွေ နဲ့ မငြိမ်းချမ်းတဲ့ ဒီ မြန်မာပြည်ကြီးရဲ့ ယခုလိုနယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိတယ်ဆိုတာကို win ကြားဖူးခဲ့ပါသည် ဒါပေမဲ့
မျိုးချစ်လို့ လက်နက်ကိုင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြည်သူ တွေပေါ် ဒီလို ကြမ်းတမ်းစွာ ဆက်ဆံကြလိမ့်မည်လို့
Winမည်သောအခါမှ မတွေးခဲ့ဖူးပါလေ ဒီသေနတ်တွေနဲ့ ချိန်ထောက် ခြိမ်းခြောက် နေသူတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
အစည်းက ဟုတ်ချင်မှလည်း ဟုတ်ပေမည်ဟု win တစ်ဆက်တည်း တွေးမိပြန်သည် မတည်ငြိမ်တဲ့ မြန်မာပြည်ရဲ့ စစ်ရေးအခြေအနေတွေကို အသုံးချပီး ကိုယ်ကျိုးရှာ စီးပွားရေးသများကလည်း
လူမှောင်ခို နဲ့ ဘိန်း လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိရာ ဤ လူများ
သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက မဟုတ်ပဲ ဘိန်းရာဇာအဖွဲ့သား များလည်း ဖြစ်နိုင်သည် မဟုတ်ပါလား