*မေတ္တာလွှမ်းတဲ့ ဆူးခင်းလမ်း*
Part (2)
Brightwin fan fiction( boy-love) 💖💛
Author- အဉ္စနာညကတော့မှောင်မိုက်နေဆဲပင်ဖြစ်သည်
Win ,Brightခေါ်ဆောင်ရာ ဝါးတဲ
အိမ်လေး ထဲသို့ လိုက်ပါလာခဲ့သည်
ဝါးတဲအိမ်က တော့ သိပ်ခိုင်ခန့်
စွာ တည်ဆောက်ထားတာမဟုတ်ပဲ
ခေါင်မိုးကို ဝါး ရွှက်များဖြင့်ကာမိုးထားပီး
ဘေးပတ်ပတ်လည်ကိုလည်း ဝါး နံရံများဖြင့်ပင် ကာရံ၍
မြေကြီးပေါ်မှာ ဝါးကုတင်များ ပြုလုပ်ထားလေသည်ထို တဲအိမ်ငယ်ထဲတွင် အခန်း နှစ်ခုပါရှိပီး
တစ်ခန်းကတော့ ဧည်းခန်း အပြင်အဆင်လို
ဝါးစားပွဲနှင့်ဝါးဖြင့်ပြုလုပ်ထားသော
ကုလားထိုင်များ ရှိလေသည် Brightက ကုလားထိုင်
တစ်ခု ဆွဲယူကာ Win ကိုထိုင်ဖို့ လက်ဟန်ပြလိုက်သည်Brightကတော့ အခန်းထဲဝင်သွားပီး ခဏကြာတော့
အမျိုးသမီး တစ်ယောက်နဲ့အတူ အခန်းထဲမှ ထွက်လာပီး
ထို မိန်းမက winရဲ့ ရှေ့က ဝါးစားပွဲ ပေါ်ကို ခြေတစ်ဖက်
တင်ကာ ခပ်မာမာ လေသံဖြင့်" ရှင် က တရုတ်ဆရာဝန်ဆိုတာလား *"
အမျိုးသမီးမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိပီး အသားညိုပေမဲ့
မဲနေသည်တော့မဟုတ် ကောက်လိမ်ထားသော
ဆံပင်များကို မဟော်ဂနီ ရောင်ဆိုးထားသည်က
ကော့ကောက်ထားသော မျက်တောင် တို့နှင့်
လိုက်ဖက် ညီနေ၍ရုပ်အချောကြီး မဟုတ်ရင်တောင်
လိုက်ဖက်စွာ ဝတ်ဆင်ထားသည့် ဘိုဆန်ဆန်
အဝတ်အစားတွေကြောင့် ကြည့်ကောင်းနေသည်ပင်
ပြောရမည်ဒါပေမဲ့ ထို ကြည့်ကောင်းတဲ့ရုပ်နဲ့ပင် မလိုက်ဖက်အောင်
ကြမ်းတမ်းခက်ထန်ပုံ ပေါ်နေသည်က အပြင်က လူကြမ်း
ကြီးများထက်ပင် ကြောက်စရာ ကောင်းနေသည်"" ဟုတ်ပါတယ် """
ထိုအမျိုးသမီးက တရုတ်စကားဖြင့် မေးလိုက်သည်မို့
Win ခေါင်းလေး ညိတ်ကာ ပြန်ဖြေ လိုက်သည်""အေး ဒါတာဆိုရင် အထဲက လူနာကို
ကောင်းအောင် ကုပေး သေသွားလို့ ကတော့
ရှင့် ခေါင်း ပါ ကျည်ဝင်သွား မယ် မှတ်""""ကျစ် ""
တည်ခက်တဲ့ အမျိုးသမီးပါလား Win ရဲ့ ခေါင်းကို
သေနတ်ထောက်၍ ခြိမ်းခြောက် နေပုံက တော်တော်
လေး စိတ်တို စရာ ကောင်းလှသည်