mewလည်းကားမောင်းလာရင်းသူ့အိမ်ကိုရောက်တော့
*ကားပေါ်ကဆင်းလို့ရပြီ*
*မဆင်းဘူးအိမ်ဘဲ့ပြန်ချင်တယ်*
*မရဘူးဆင်းဆိုဆင်းစမ်းမင်းမဆင်းရင်ငါချီပြီးခေါ်သွားရမလား*
*ရတယ်ကျွန်တော့်ဘာသာဆင်းမယ်*
*ဒါဆိုမြန်မြန်ဆင်း*
*အင်းပါ*
ထိုလူနဲ့အတူအိမ်ထဲဝင်လာသည်အိမ်ထဲရောက်တော့သူအံ့ဩသွားတာကအဲလူအိမ်မှာအလုပ်သမားတွေအများကြီးဘဲ့သေချာတာကထိုလူကချမ်းသာတဲ့မျိုးရိုးဆိုတာက်ကိုသူသိလိုက်သည်
*အဒေါ်ကြီး*
ထိုလူခေါ်လိုက်တော့မိန်းမကြီးတစ်ယောက်ကထိုလူနားပြေးလာကာ
*ဟုတ်သခင်လေး*
*သူ့ကိုအခန်းပြင်ပေးလိုက်..ကျွန်တော့်ရဲ့ဘေးခန်းမှာပေးနေလိုက်*
*ဟုတ်သခင်လေး*
ထိုလူပြောပြီးသည်နှင့်အဒေါ်ကြီးကအပေါ်ထပ်ကိုတက်သွားသည်
*မင်းဒီနေ့ကစပြီးငါ့အိမ်မှာနေရမယ်*
*ဟင့်အင်းမနေပါဘူး*
*မရဘူး*
*မနေချင်ပါဘူးဆိုနေ...အီးဟီး*
*ကျစ်..မင်းမနေချင်ရင်မနေနဲ့ကွာငါမင်းအိမ်ပြန်လိုက်ပို့မယ်*
*အင့်...တကယ္လား*
*အေး*
mewထိုကောင်လေးငိုနေတာတွေ့တော့လည်းသူစိတ်မကောင်းပါသူဒီအတိုင်းသာခေါ်ထားရင်နေ့တိုင်းနားကွဲမှာသေချာတယ်ဒါကြောင့်သူလည်းအိမ်ကိုပြန်ပို့ရန်ဆုံးဖြတ်လိုက်သည်သူသွားခါနီးခုနကအဒေါ်ကြီးကိုအခန်းမပြင်တော့ရန်အော်ထားခဲ့ပြီးကားထဲဝင်ကြကာထိုကောင်လေးအိမ်ကိုမောင်းလာလိုက်သည်ထိုကောင်လေးအိမ်ကိုရောက်တော့ကားပေါ်ကနေဆင်းပြေးသွားတာတော်တော်မြန်သည်
gulfလည်းအိမ်ရှေ့ရောက်တော့ကားပေါ်ကနေအမြန်ဆုံးပြေးထွက်လာခဲ့သည်အိမ်ထဲရောက်တော့အမေကသူ့အားပြေးဖက်ကာ
*သားလေးရယ်မေမေကစိတ်ပူနေတာ*
*ဟင့်..မေမေ*
*ဘာဖြစ်လို့လဲသားလေး*
*သားကိုလေmewဆိုတဲ့လူကြီးကခိုးပြေးဖို့လုပ်တယ်*
*ဟယ်..တော်သေးတာပေါ့ငါ့သားအိမ်ကိုပြန်ရောက်လာလို့အမေကစိတ်ပူနေတာသားတစ်ခါခါဖြစ်မှာစိုးလို့*
*သားတောင်းပန်ပါတယ်မေမေ*
*ဘာလို့လဲသားရဲ့*
*မေမေ့ကိုစိတ်ပူစေမိလို့*
*ရပါတယ်သားရယ်*
*သားအပေါ်တက်တော့မယ်မေမေ*
*ဟုတ်ပါပြီမေမေထမင်းစားစောင့်နေမယ်*
*ဟုတ်မေမေ*
gulfလည်းရေချိုးရန်အပေါ်ထပ်ကိုတက်လာလိုက်သည်ရေချိုးခန်းထဲရောက်တော့ရေချိုးနေရင်းသူခုနကလူကြီးကိုသတိရလာပြန်သည်
*ဟာ..ဘာလို့ဒီလူကြီးမျက်နှာကပေါ်လာရပြန်တာလဲ..စိတ်ညစ္လိုက္တာကြာ*
ရေချိုးပြီးအဝတ်စားလဲကာအောက်ထပ်ကိုဆင်းလာလိုက်သည်အောက်ရောက်တော့အမေကထမင်းစားစောင့်နေပြီမို့သူဝင်ထိုင်ကာ
*မေမေစောင့်ရတာကြာသွားလားဟင်*
*မကြာပါဘူးသားရယ်*
*ဟုတ်မေမေ*
အခုမှအရမ်းတွေလိမ်မာနေတဲ့သားကိုဒေါ်သူဇာအံ့သြနေလေသည်
,.................................................................
mewအိမ်ရောက်တော့ထိုကောင်လေးအကြောင်းတွေးနေမိသည်သူတကယ်တော့အဲကောင်လေးကိုတကယ်ခိုးပြေးတာမဟုတ်ပါသူ့ex mayနဲ့ခင်တဲ့ကောင်လေးမို့သူသတ်သတ်စလိုက်မိတာထိုကောင်လေးကတကယ်ထင်နေလေရဲ့သူထိုကောင်လေးအကြောင်းတွေးလိုက်တိုင်းသူ့ရဲ့ရင်ဘတ်ကအကောင်ကခုန်လာလေသည်
*ငါကများအဲကောင်လေးကို.....ဟာမဖြစ်နိုင်ပါဘူး*
*စိတ်ညစ္လိုက္တာကြာ*
mewဘာမှဆက်မတွေးတော့ဘဲ့ရေချိုးခန်းထဲဝင်ကာရေဝင်ချိုးလိုက်သည်ရေချိုးလို့ပြီးသွားတော့အဝတ်လဲကာထမင်းစားရန်အောက်ထပ်ကိုဆင်းလာလိုက်သည်
*ညနေကကောင်လေးကချစ်စရာလေးနော်သခင်လေး*
ဆိုပြီးညနေကအဒေါ်ကြီးကပြောလာသည်
*ဟုတ်လို့လား..ကျွန်တော့စိတ်ထဲမှာတော့ချစ်စရာမကောင်းပါဘူး*
*ဟာ..သခင်လေးကလဲချစ်ဖို့ကောင်းပါတယ်*
*ဟုတ်ပါပြီအဒေါ်ကြီးရယ်*
*ပြီးတော့ရှိသေးတယ်အဲကောင်လေးနဲ့သခင်လေးနဲ့အရမ်းလိုက်တယ်သိလား*
*အဒေါ်ကြီးကတော့လုပ်ပြီ..ဟားဟား*
*သခင်လေးကတော့ရှက်နေပြီ*
*အဒေါ်ကြီးနော်စမနေနဲ့တော့..ဟားဟား*
ထိုညနေတွင်mewကတော့ထိုကောင်လေးကြောင့်ရယ်မိသွားသည်
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
ဝေဖန်ခဲ့ကြနော်😁