Uni
Bai Luo Yinတို့မိသားစုက Jinan ကို
ရောက်လာတဲ့အချိန်က ကျောင်းဖွင့်ရာသီရဲ့
သတင်းတစ်ပတ်လောက်နောက်ကျပြီးမှရောက်လာကြတယ်Jinanက Bai Luo Yinတို့အိမ်အသစ်လေးဟာ
ဆင်ခြေဖုန်းရပ်ကွက်တစ်ခုထဲက
လမ်းသွယ်ထဲမှာတည်ရှိတယ်အုတ်အနီရောင်နဲ့တည်ဆောက်ထားတဲ့
Bai LuoYin တို့တစ်ထပ်အိမ်လေးဟာ
သပ်သပ်ရပ်ရပ်လေး နဲ့ နေချင်စဖွယ်ခြံဝန်းလေးရှိတယ်
ခြံထဲမှာ တရုတ်စကားပင်ကြီးတစ်ပင်ရှိပြီး
ဒီအပင်အောက်ခြေမှာ
သစ်သားအဝိုင်းလေးနဲ့ ထိုင်ချင်စဖွယ် ဝန်းရံထားတယ်အိမ်ခြံစည်ရိုးက အုတ်တံတိုင်းအပြည့်ကာရံထားပြီး
သွပ်တံခါးအပြာရောင်လေးက အိမ်ရဲ့သော့ခလောက် ဖြစ်တယ်အိပ်ခန်း နှစ်ခန်းရှိတာမို့ Bai Luo Yin တို့ညီအကိုက တစ်ခန်း
Bai Han Qiတို့ လင်စုံမယားဖက်က တစ်ခန်းနေရာယူထားကြတယ်
အိမ်က အင်္ဂလိပ်အက္ခရာ L ပုံသဏ္ဌာန် ဖြစ်တာကြောင့်
မီးဖိုးချောင်နဲ့ ရေချိုးခန်းကို ချိုးကွေ့လိုက်မှ မြင် မှာဖြစ်ပါတယ်ကုန်ကုန်ပြောရရင် သူ့တို့မိသားစုက ဒီအိမ်လေးကို အတော်ကျေနပ်နေမိတယ်
Ximen အိမ်ထက်စာရင်တော့ ဆီနဲ့ရေပဲလေ
ဒါပေမဲ့ Jiang Yuan ကတော့ သူမအိမ်အိုလေးကို လွမ်းနေဆဲဒီမှာ တော့ Bai Han Qi အတွက်အလုပ်ခန့်တဲ့ စက်ရုံလည်းရှိနေတာမို့
အလုပ်အကိုင်အတွက် စိတ်ပူစရာမလိုပေ။Bai Luo Chenက အထက်တန်းနောက်ဆုံးနှစ်ကို
သူတို့အိမ်နဲ့ငါးမှတ်တိုင်စာလောက်ဝေးတဲ့
ရပ်ကွက်မှာရှိတဲ့ကျောင်းမှာ တက်ရပြီးBai Luo Yinက တော့
နှစ်မှတ်တိုင်လောက်သာဝေးတဲ့ နေရာက မူလတန်းကျောင်းမှာတက်ရတယ်ပထမဆုံးကျောင်းတက်ရက်ကို bai han qiတို့ဇနီးမောင်နှံက
bai luo yinကို ချီပိုးပြီး လိုက်ပို့တာပေါ့
Bai Han Qi က ဘားတမ်းပါတဲ့ယောက်ကျားစီးစက်ဘီးတောင့်တောင့်တစ်စီးကို ဝယ်ခဲ့တယ်ဒါလေးဝယ်ရတဲ့ ရည်ရွယ်ချက်က Bai Luo Yin အတွက်
ကျောင်းပို့ကျောင်းကြို လုပ်ဖို့ပေါ့
အခုလည်း အနောက် လူတင်ခုံမှာ bai luo yin က
သူ့အမေပေါ်ပေါ်မှာ ထိုင်ကာ ကျောင်းထိ စက်ဘီးနဲ့ရောက်လာပြီ
![](https://img.wattpad.com/cover/191688268-288-k260568.jpg)