Missing You

55 7 0
                                    

နေ့ရက်တိုင်းမှာ အလွမ်းတွေအပြည့်ပါပဲအကို..

သီချင်းတွေနားထောင်ရင်း MVတေွကြည့်ရင်း variety showတွေကြည့်ရင်း အလွမ်းတွေဖြေနေပေမဲ့ မပြေနိုင်ပါဘူးအကို...

အကိုတစ်ယောက် အစာမှပုံမှန်စားဖြစ်ရဲ့လား..တစ်ယောက်ထဲဝမ်းနည်းနေမလား..အကို့ရဲ့စိတ်ကလေးရောကြည်လင်ပါရဲ့လား..နေ့စဉ်နေ့တိုင်းပို့သနေတဲ့ မေတ္တာ တွေက မိုင်တွေဝေးလွန်းတော့ ထိရောက်နိုင်ပါ့မလား...

ဘာမှလုပ်မပေးနိုင်ပဲ ကိုယ်ချစ်တဲ့သူတွေ နာကျင်နေရတာကို ထိုင်ကြည့်ရုံပဲတတ်နိုင်တဲ့ ဘဝကိုလည်း မုန်းလှပါတယ်အကို..

အကို့ဘေးမှာ အမြဲတမ်းအတူတူရှိနေမှာလို့ ပြောနေရင်းနဲ့ အကိုပြန်လာမှာကို စောင့်နေရုံပဲတတ်နိုင်တာမလို့ အကိုကပဲ အားတင်းပြီးလျှောက်လာခဲ့ပေးပါနော်...

Laura🖤

2021 💙💛 Where stories live. Discover now