HBD🎂

28 4 2
                                    

၁၂. ၁၂. ၁၉၉၀ - ၁၂. ၁၂. ၂၀၂၁

ဒီနေ့မှာ ကျနော်ချစ်ရတဲ့ အမျိုးသားလေး မွေးဖွားခဲ့တယ်။

အကို့ ကို တွေ့ဆုံခွင့်ရတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။ အကို့ကို ချစ်ခွင့်ရခဲ့တဲ့ အချိန်တွေ ၊ ချစ်နေရတဲ့အချိန်တွေကိုလည်း တန်ဖိုးထားပါတယ်။

စိတ်အားငယ်တဲ့အချိန်တွေမှာ အကို့ အပြုံးတွေ၊ အကိုပြောခဲ့တဲ့စကားတွေ၊ အကိုရဲ့ သီချင်းသံတွေနဲ့ အားတင်းခဲ့ရတယ်။

အကို့ရဲ့ အလုပ်တွေကို မရပ်မနားလုပ်နေတာတွေကိုကြည့်ပြီး ရှေ့ဆက်ဖို့ကြိုးစားခဲ့တယ်။

အကိုက ကျနော့်အတွက်တော့ အဆိုတော်တစ်ယောက် ထက်ပိုပါတယ်။ အကို့ ဆီမှာ အတုယူစရာတွေ၊ သင်ယူစရာတွေ အများကြီးရှိနေတယ်။ အကို့ရဲ့ self confidence ကတော့ ကျနော့်ရဲ့ အကြိုက်ဆုံးပါပဲ။

အကို့ဆီကပဲ ယူနေပြီး ဘေးနားမှာအမြဲရှိနေပေးပါမယ့်ဆိုတဲ့ ကတိစကားကလွဲရင် ဘာမှပြန်မပေးနိုင်သေးပါဘူး။

အကို ကျန်းမာအောင်နေပါနော်။ အစားအသောက်ကိုလဲသေချာစားပါနော်။
ကျနော်တို့အတွက်ပဲ တွေးပေးမနေပါပဲ အဆင်​ပြေတာသေချာမှ အဆင်ပြေတယ်လို့ပြောပေးပါနော်။
စွန့်ခွာသွားသူတွေရှိတယ်ဆိုပေမယ့်လည်း အကို့လက်ကိုဆုပ်ကိုင် ထားတဲ့ လက်တွေကျန်ရှိနေသေးတာကိုလည်း မမေ့လိုက်ပါနဲ့နော်။

မဂ်လာရှိတဲ့မွေးနေ့လေး ဖြစ်ပါစေနော် အကို။

အများကြီးချစ်တယ်။

💙🐼🍀

#Laura 🖤

2021 💙💛 Where stories live. Discover now