Start to end(Uni)

494 30 22
                                    


'ကျစ်....မောင်ကဘယ်သွားပြန်တာလဲကွာ ငါ့လဲဘာမှပြောမသွားဘူး... တကယ်ဘဲ'
  'ခန ခုနကဖုန်းပြောနေတာသူ့သူငယ်ချင်းတွေဆီသွားမယ်ထင်တယ် နေဦးဘာဆိုင်......အင်...သိပြီ Lorelကော်ဖီဆိုင်သွားမယ်လို့ပြောသွားတာ ဒီနားတင်ဆိုတော့လိုက်သွားဦးမှ'

   'ထက် သူငယ်ချင်းလာဟ မင်းကိုကိုရေ.မပါဘူးလား ဟင်'
  'မပါဘူး စိတ်ရှုပ်လို့တစ်ယောက်တည်းထားခဲ့တာ ဒါနဲ့ နွေ ကိုယ့်ကိုဒီခေါ်တာဘာပြောမလို့လဲ ​ပြောလေ'
   'အော် ကိုကလဲမေ့နေတာလား ဒီနေ့ဘာနေ့လဲသိလားဟင်'
     'ဘာနေ့လဲနွေရဲ့ ကိုယ်ကမေ့နေတာ'
    'ကိုနော်တကယ်မေ့နေတာလား'
      'တကယ်ပြောတာပါ​ နွေ ရဲ့ ကိုယ့်မသိဘူး'
'အဲ့တာဆို​နွေ ပြောပြမယ် ဒီနေ့က နွေတို့အလောင်းအစားလုပ်ထားတာ တစ်နှစ်ပြည့်တဲ့နေ့လေ မမှတ်မိဘူးလားကိုရဲ့'
   'သိ​ပြီ အဲ​့တော့ ဒီပွဲမှာနွေဘယ်လိုဆုံးဖြတ်မှာလဲ ကိုယ့်ကိုပြန်ချစ်တော့မှာလား ဟင်'
   'အာကိုကလဲတည့်ကြီးမေးရလားလို့'
   'မင်းတို့ချည်းပြောနေ ငါတို့ကိုမပြောရတော့ဘူး'
'ဟုတ်ပကွာ သူတို့ချည်းပြောချင်ရင်ငါတို့ကိုဘာလို့ခေါ်နေသေးတာလဲ'
လို့ ရသော်ကခနဲ့သလိုပြောတော့မှ နွေကရှက်ပြီး ရယ်နေလေရဲ့
   'မင်းထက် ဒါနဲ့အဲ့မာနကြီးတဲ့ဘဲကမင်းအပေါ်လုံးဝကြွေဆင်းသွားတာလား'လို့ ရသော်မေးလိုက်တော့ မင်းထက်က
'ကြွေဆင်းမဆင်းတော့မသိဘူး တစ်ချိန်းလုံး မောင်လို့ခေါ်နေတာ နားငြီးတယ်ကွာ'
'ဟား ဟား မင်းထက်တို့တော့ တစ်နှစ်လုံးသည်းခံလာရတာပေါ့'ဟု နောင် ကထမေးတော့ မင်းထက်က
'နွေ့အချစ်ကိုရဖို့အဲ့လောက်တော့သည်းခံရမှာဘဲလေကွာ မဟုတ်ဘူးလား'
   'အေးပါကွာ ပြီးတာပါဘဲ နောက်မ ကိုကိုမရှိရင်မနေနိုင်ဘူးပြောရင်တော့အ​သေ သတ်ပစ်မှာ'
  

ဒါမောင်တို့စကားဝိုင်းက ပြောနေတဲ့အကြောင်းအရာလား ငါဘယ်လိုမှမတွေးတတ်တော့ဘူး မောင်ကနွေ့အချစ်ကိုရဖို့ ငါ့ကို........အာမဖြစ်နိုင်ဘူးမောင်ကငါ့ကိုဘဲချစ်တာပါ*
    ငါဝင်သွားမှ  ခန....မောင်...မောင်က နွေ့ကိုဖက်လိုက်တာလား ငါ့မျက်လုံးကိုငါမယုံနိုင်ဘူး အမြင်ဝါးတာလားဆိုပြီး မျက်လုံးကိုသေချာပွတ်တော့လဲ မဟုတ်ဘူး မောင်မဟုတ်ဖို့ဆုတောင်းနေတော့လဲ.... တကယ်...တကယ်မောင်လား  မောင်တို့က ကျွန်တော့်ကိုမမြင်ရဘူးထင်တယ် ရယ်ရယ်မောမောနဲ့ ဟင်...မောင်နဲ့နွေကဘာတွေလဲ  ငါရှိနေတာကိုသူတို့ကနောက်ထပ်ကိုဖက်နေကြပါလား  ငါသေချာသိရမှဖြစ်မယ် ငါသေချာမေးမယ်
   'မောင်'
ငါရုတ်တရက်ခေါ်တော့မောင်က အံအားသင့်သွားတယ်ထင်တယ် အံသြတဲ့အမူအရာနဲ့
      'ဒါဘာဖြစ်နေကြတာလဲမောင် ငါ့ကိုတစ်ဆိတ်ရှင်းပြပါလား'
   '   ကို နွေတို့ပြောလိုက်ကြတော့မလား'
     'မင်းထက် နဲ့ နောင်ပြီးတော့နွေ နင်တို့တကယ်ပြောပြတော့မှာလား'လို့   ရသော ကမေးလိုက်တော့
  'မောင်က ပြောလိုက်တော့မယ် ဇာတ်လမ်းအခုကတည်းကရှင်းရင်ကောင်းမှာ ထိုင်ခင်ဗျားလဲ'
   *မောင်ကငါ့ကိုခင်ဗျားလို့ခေါ်လိုက်တာလား*
    'ဘာပြောမှာလဲမောင် ငါနားထောင်နေတယ်'
  'အခုကစပြီးမောင်လို့မခေါ်နဲ့ နားကလောလွန်းလို့ '
   'ကျွန်တော်အတည့်ဘဲပြောမယ် သွယ်ဝိုက်မနေတော့ဘူး ကျွန်တော်နဲ့နွေက ချစ်သူတွေဖြစ်နေပြီ ခင်ဗျားကိုတော့ ကျွန်တော်က လိုအပ်တာရှိလို့အသုံးချခဲ့တာ အခုကစပြီးကျွန်တော်တို့ဆက်ဆံရေးပြတ်ပြီ ရှေ့လျှောက်ခင်ဗျားနဲ့ကျွန်တော်ပတ်သက်စရာမလိုတော့ဘူး ok'
     'မောင်ဘာတွေပြောနေတာလဲငါနားမလည်ဘူး'
'ကျစ်....... ဒုံးဝေးလိုက်တာ'
'ခင်ဗျားက ကျွန်တော့်အတွက်လိုသုံး ရှင်းပြီလား ကျွန်တော်ခင်ဗျားနဲ့တွဲခဲ့တာကလဲ နွေသဘောအရမို့ ပြီတော့ ခင်ဗျားနဲ့နေခဲ့ရတဲ့တစ်လျှောက်လုံး စိတ်မချမ်းသာရဘူး အော်ဂလီဆန်လွန်းလို့ '
   'မောင် ငါ့ကိုမင်းကအပျော်တွဲခဲ့တာလား ဟင်မောင် ပြောစမ်းပါ ပြောပါမောင်ရ'
'ငါ့ကိုတော့ထားမသွားနဲ့လေ နော်....မောင် ငါ့မှာမင်းဘဲရှိတာမို့လေ နော်...'
ကျွန်တော်မောင့်ကိုအေးဆေးစွာတောင်းပန်းနေတာပါ မောင်ကိုကျွန်တော်အဆုံးရှုံးမခံနိုင်ဘူး ငါ့မှာမောင်ဘဲရှိတာမို့ မောင့်ကိုမြဲအောင်ဆွဲထားပါရစေ
အရင်အတိုင်းဆို ကျွန်တော် မတောင်းပန်ပါဘူး တခြားတစ်ယောက်ဆိုရင်မတောင်းပန်ဘူး အခုက မောင်....မောင်ဖြစ်နေလို့ငါ့မာနတွေခဝါချပြီးတောင်းပန်နေတာပါ
'မောင် .....ငါ့ကိုထားမသွားပါနဲ့လေ    နော် ငါတောင်းပန်ပါတယ်'
   'ကျစ် စိတ်ရှုပ်လိုက်တာ   အားးးးး'
   'ဒုန်း   ခွမ်း'
ကျွန်တော်စိတ်ရှုပ်တာနဲ့စားပွဲကိုလဲတွန်းလှဲလိုက်တယ် သူ့ကိုအပျော်တွဲခဲ့တာလို့ပြောပြီးတာကို လူကိုတမောင်မောင်နဲ့ နားငြီးအောင်ခေါ်ပြီးတောင်ပန်နေတယ်
    'လာ နွေထ. သွားကြမယ်'
     သူတို့ပွဲကို ကျန်တဲ့လူတွေကတော့ ဘာမှမပြောဘူး အကြောင်သားငေးနေကြတယ် ဆိုင်ထဲကလူတွေလဲ ကြည့်နေကြတယ် မင်းထက်က ကော်ဖီဖိုးအပြင် ပျက်စီးသွားတာတွေအတွက် 10000တန်အထပ်လိုက်ပစ်ပေးပြီး နွေနဲ့အတူ ဆိုင်ထဲကထွက်မယ်လုပ်တော့    
   ကိုဝနဇွဲ က မင်းထက်နောက်ကိုအပြေးလိုက် မင်းထက်ခြေထောက်ကိုဖက်ပြီ ထားမသွားဖို့တောင်းပန်နေတဲ့မြင်ကွင်းက လူအတော်များများဆိုင်တွင်းဆိုင်ပြင်ကလူတွေအတွက် အာရုံစိုက်စရာဖြစ်နေတယ်    မင်းထက်က ကိုဝန ကို အတင်းတွန်းထုတ်ပြီး နွေနဲ့အတူကားပေါ်တက်သွားပြီး ကားကိုတရစပ်မောင်းထွက်သွားတယ်

မာနခဝါ(One Short)Where stories live. Discover now