🤗 Chapter-7🤗

212 35 2
                                    

Jake's Pov

အော်~~ဘာလိုလိုနဲ့သူတို့ရင်းနှီးလာကြတာ၃လတောင်ပြည့်ပြီ။ တခြားသူတွေတော့မသိဘူး သူကတော့ရက်တွေမှတ်ထားလို့ ဒီနေ့သူတို့သူငယ်ချင်းတွေဖြစ်တာ၃လပြည့်တဲ့နေ့။ တဖြည်းဖြည်းနဲ့သူတို့တွေရင်းနှီးလာကြတာသိသာပါတယ်။

အင်း jungwonကတော့heeseung hyungနဲ့ခေါ်တယ်ပြောတယ်။ သူရိပ်မိပါတယ်jungwonသဘောကျနေမှန်း ဒါပေမဲ့heeseung hyungမှာကောင်မလေးရှိတာမလို့လက်လျော့တာလည်းသိတယ်။ သူကအဲ့လိုမျိုးလိင်တူကြိုက်တာတွေကိုမရွံပါဘူး လက်ခံပါတယ်။ သူနေခဲ့တဲ့ပတ်၀န်းကျင်ကလည်းလိင်တူကြိုက်တာကိုလက်ခံကြတယ်လေ အာ့ကြောင့်ဖြစ်မှာပေါ့။ ဒါပေမဲ့မမေးပါဘူး။ ဘာလို့ဆိုသူကတကယ်ကိုယ့်ကိုကိုလိုလိုလားလားနဲ့ ရင်ဖွင့်ချင်တာတို့ ဆိုမှသာနားထောင်ပေးမယ်လေ။

တဖက်သားကမပြောချင်တာကိုအတင်းသွားပြောပါပြောပါဆို မကောင်းဘူးလေ။ အင်းသူတယောက်ထဲအဲ့လိုအတွေးရှိတာမဟုတ်ဘူးထင်တယ်။ sunooရောjungwonရောအဲ့အတိုင်းပဲ သူမပြောချင်ရင် မပြောနဲ့အတင်းမမေးဘူး။ သူရင်ဖွင့်ချင်တယ်ပြောချင်တယ်ဆိုမှသာ ပြောခိုင်းတယ်လေ။ အခုထိတော့သူကချမ်းသာတဲ့သူဌေးသား‌တယောက်ဆိုတာတော့မပြောရသေးဘူး။ ပြောရင်သူ့ကိုအရင်လိုရင်းရင်းနှီးနှီးမဆက်ဆံပဲ ခက်တန်းတန်းဖြစ်သွားမှာလည်းကြောက်တယ်။

အရင်သူငယ်ချင်း‌တွေတုန်းကလိုလည်း ပိုက်ဆံကြောင့်သူငယ်ချင်းအဖြစ်လုပ်တယ်ဆိုတာဖြစ်သွားမှာလည်းကြောက်တယ်။ အာ့ကြောင့်မပြောဖို့ဆုံးဖြတ်ထားတယ်‌။

အခုရက်ပိုင်းတော့jungwonကjayနဲ့အရမ်း‌တွဲဖြစ်နေတယ်။ တခါလာလည်းjay yah တခါလာလည်း jay yahနဲ့ သူတို့နှစ်ယောက်‌တွဲနေသလားတောင်သံသယ၀င်တယ်။ ဒါပေမဲ့jungwonက heeseung hyungကိုသဘောကျနေတာမလား။ အင်းပါ။

ဘယ်လိုပဲဖြစ်ဖြစ်အကုန်လုံးသူ့ဟာနဲ့သူရင်းနှီးကြတာပါပဲ။ niki! niki! nikiကိုအေးဆေးတဲ့ကလေးမှတ်ထားခဲ့တာ။ဘယ်ဟုတ်မလည်း ဒင်းကတော်တော်အ‌‌ေဆာ့သန်ပြီးအရမ်းနောက်ပြောင်တတ်တဲ့ကလေးမှန်းဘယ်သူကထင်ထားမှာလည်း။ တခါတလေအနောက်ကနေရုတ်တရက်ပေါ်ပေါ်လာလို့လန့်ရတာလည်းမနည်းတော့ဘူး။ အဲ့အချိန်ဆိုsunghoonနဲ့nikiနဲ့ရန်ပွဲပဲ။ sunghoonက သူလန့်သွားလို့ဆိုပြီးnikiကိုဆူ nikiကလည်းစတာလေ ဆိုပြီးတော့ပြန်ပြော အဲ့အချိန်sunooကပဲ ဖြေရှင်းပေးရတာ။ nikiကလည်းsunooဖြေရှင်းပေးရင် မီးကိုရေနဲ့ငြိမ်းလိုက်သလိုပဲ ရှဲကနဲ့လို့ငြိမ်းသွားတာ။

I'm Here🤗 (Jakehoon)Onde histórias criam vida. Descubra agora