Part - 2

936 156 13
                                    

Unicode

ခေါင်းကိုငုံ့လျက် မျက်နှာပျက်စွာ အခန်းတွင်းမှာထွက်ပေါ်လာမယ့် စကားတွေကို နားစွင့်နေမိတာ ဟီဆွန်းပင် ။
အပြစ်လုပ်တာ ဆောင်းဟွန်းဖြစ်သော်လည်း အဆူခံရတာ ဟီဆွန်းဖြစ်နေခဲ့တဲ့ထိ မာမီနဲ့ဒယ်ဒီရဲ့အသည်းကျော်ဟာ ဆောင်းဟွန်းဖြစ်နေခဲ့သည်..

ငြိမ်ငြိမ်လေးထိုင်ကာ ရှိတဲ့မုန့်တွေထိုင်ကာစားနေသောဆောင်းဟွန်းကညကအခြေအနေနုဲ့ လားလားမျှမသတ်ဆိုင်သလို အဆူခံရမယ့် သူ့အား လျှာထုတ်ကာပင်ပြောင်သေးသည်..။

ဟီဆွန်းမကြည်သလို မျက်လုံးတစ်ချက်စောင်းကာကြည့်ရင်း မျက်ခုံးတွေ တွန့်ချိူးသွားသည်...။
လက်သီးကို မာမီတို့မမြင်အောင် ထောင်ပြတဲ့အခါ တဟိဟိနှင့်အူတက်ကာ ကျိတ်ရယ်နေပြန်သည် သို့ပေမယ့် ဟီဆွန်းကိုယ်တိုင်လဲ စိတ်ဆိုးနေတာတော့မဟုတ်ပေ ။

ခုချိန်ထိ အားဆေးသွင်းထားရဆဲလက်မှာ ဆေးထိုးအပ်ကထိုးဆိုက်ထားဆဲ
ဖြစ်ကာ မျက်နှာနုနုကသွေးရောင်မလွှမ်းသေးတာဖြစ်၍ စိုးရိမ်စိတ်ပင်ဝင်နေရသည်
ကလေးသေးသေးလေးမဟုတ်သော်လည်း တအိမ်လုံးရဲ့ချစ်ခင်စရာကောင်ငယ်လေးဖြစ်နေတာကတော့ ဆောင်းဟွန်းရဲ့ ကံကောင်းခြင်းတမျိုးဖြစ်မည်
ကလေးတအားလိုချင်ပေမယ့် မရလောက်တော့၍ လက်လျှော့ထားသော အခြေအနေမှာ အသက်ကြီးမှရလာသော ကလေးဖြစ်၍ ဒယ်ဒီနဲ့မာမီရဲ့အသည်းကျော်ဖြစ်နေတာကတော့ ဟီဆွန်းမနာလိုချင်စရာကောင်းလောက်သည်

" နောက်တခါ ကလေးကို သေချာဂရုစိုက် သားကြီးရယ် မင်းညီက ဆိုးသာဆိုးတာ ကလေးပဲရှိသေးတယ် မင်းကသေချာဂရုစိုက်ရမှာ.."

ထင်တဲ့တိုင်း မာမီပါးစပ်ကထွက်လာတဲ့စကားသံကဆောင်းဟွန်းကို ပြစ်တင်သံမပါပဲ သေချာဂရုမစိုက်မိတဲ့ဟီဆွန်းအမှားသာ..။
ဆောင်းဟွန်းဘေးထိုင်ကာ ဆံသားနုနုတွေအားပွတ်သပ်မြူနေတာ ခွေးပေါက်စလေးကိုဆက်ဆံနေတဲ့အတိုင်းပင်..

" မာမီ့သားက 22နှစ်ရှိပြီနော် ကလေးလေးမဟုတ်တော့ဘူး ဒီတစ်ခါလဲ သူခိုးထွက်လို့လေ မာမီသူ့ကိုဆူပါဦးလား.."

" ဆူစရာလား ကလေးကနေမကောင်းတာကို.."

" အဲ့ကလေးနေမကောင်းတာက ရန်ဖြစ်လို့ဆေးရုံရောက်လာတာလေ "

𝚆𝚑𝚊𝚝 𝙸𝚏 𝙻𝚘𝚟𝚎 // 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now