Chapter- 2 (U+Z)

1.2K 233 17
                                    

Please scroll down for Zawgyi

(Unicode)

ကျိုးရိအန်း စောင့်နေသောသူမှာ သူ၏ လက်ရှိချစ်သူ ဖြစ်၏။ သူတို့နှစ်ဦးမှာ US၌ ပညာတော်သင်သွားရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်၏။ သူသည် မိသားစု လုပ်ငန်း၏ အမွေဆက်ခံသူလည်းဖြစ်ကာ ကျိုးရိအန်းထက် နှစ်နှစ်သာကြီးသည်။ သူတို့နှစ်ဦးသည် နှစ်နှစ်ခန့် တစ်မြို့တည်းနေရင်း၊ နောက်နှစ်နှစ်ကတော့ မတူညီသောနေရာများတွင် နေထိုင်ရင်းဖြင့် တွဲနေကြသည်မှာ လေးနှစ်မျှရှိပြီဖြစ်သည်။ ကျိုးရိအန်း လျိုဟန်အား အလွန်အမင်း ကျေနပ်ပါသည်။ ဒီလူက အရာအားလုံး၌ ထူးချွန်သည်။ ချောမောသည့်မျက်နှာ ရှိရုံသာမက ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးများလည်း ရှိသည်။ သူ့မိသားစုအတွင်းတွင် သူသည် ဂေးဖြစ်ကြောင်း ဝန်ခံထားပြီး အနာဂတ်တွင် လက်ထပ်မည်လည်း မဟုတ်ချေ။ လျိုဟန်နှင့် ပက်သက်ပြီး ကျိုးရိအန်း အား မကျေမနပ်ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ လျိုဟန်တွင် ခြောက်နှစ်အရွယ် သားငယ်တစ်ယောက်ရှိနေခြင်းပင်...။

လျိုဟန် come out လုပ်စဉ်က သူ့မိသားစုဝင်များက သားမြေးမြစ်များမရှိပဲ မိသားစုသွေးသား ပြတ်တောက်သွားမှာ စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် သူ တစ်စုံတစ်ယောက်အား အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး သူ့အား အိမ်ထောင်ပြု ကလေးယူစေလိုသည့် မိသားစုဝင်များ၏ အကြံအစည်ကို ပယ်ဖျက်လိုက်သည်။

လျိုဟန်၏သားမှာ လျိုရွှိဖြစ်ကာ ချစ်စနိုးဖြင့် ပဲနီလေး(သော်ရှား)ဟု ခေါ်ကြသည်။ ကျိုးရိအန်း ထိုကလေးအား တစ်ခါမျှသာတွေ့ဖူးပါသည်။ ထိုအချိန်က သော်ရှားမှာ လေးနှစ်အရွယ်မျှသာရှိသေးကာ မျက်နှာ ရဲရဲလေးနှင့်ဖြစ်၏။ သူက ကျိုးရိအန်း၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် မပျော်မရွှင်ဖြစ်နေပုံပေါ်၏။ ရှောင်သော်ရှားမှာ လျိုဟန်၏ လက်ထဲတွင် အချီခံထားရပြီး သု့သာဘာသူ ခပ်တိုးတိုး ပွစိပွစိပြောနေသည်။ ကျိုးယီအန်း ထိုကလေးအား စနောက်လိုက်သောအခါ မျက်လုံးလှန်ပြပြီး ချက်ချင်း ကျောပေးသွား၏။

ထိုအချိန်က ကျိုးရိအန်း သော်ရှားကိုကြည့်မိစဉ်တွင် ဖအေနှင့်သား၏ မျက်နှာပေါက်များကို စူးစမ်းနေမိသည်။ သားအဖကတော့ တကယ့် သားအဖဟု ဆိုရလောက်နိုင်ပြီး သွေးသားမှန်းလည်း သိသာပေသည်။ ထို့အပြင် ရုပ်ရည်သွင်ပြင်ကလည်း ဆင်တူသယောင်ရှိသည်။

ပဲနီလေး ||•မြန်မာဘာသာပြန်•||Onde histórias criam vida. Descubra agora