Yang Jungwonအတန်းထဲတွင် အမြဲTop1ဖြစ်သူတစ်ယောက်
စာမှလွဲ၍မည်သည်ကိုမှစိတ်မဝင်စား သူ့ဘဝတွင် စာကိုသာစိတ်ဝင်စားပြီး ကြီးလာလျှင် မိဘနှစ်ပါးနှင့် အမဖြစ်သူကိုသာ ချမ်းချမ်းသာသာဖြင့်ထားရန်ရည်ရွယ်ချက်သာရှိသည်
ငယ်ငယ်ကအတွေးလိုပေါ့ ကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်လုပ်ပြီးမေမေတို့ဖေဖေတို့ကိုလုပ်ကျွေးမယ် အဲ့လိုအတွေးမျိုးသာJungwonမှာရှိသည်
အခု Jungwon အထက်တန်းပထမနှစ်
ရည်မှန်းချက်ကတော့ စာမေးပွဲမှာအမှတ်ကောင်းအောင်လုပ်ပြီးဆေးကျောင်းကိုရအောင်ဝင်မယ် အထက်တန်းပြီးဖို့သုံးနှစ်ကြီးတောင်လိုသေးလည်းခုကတည်းကကြိုးစားရမည်မဟုတ်ပါလား~~~~~~~
ဂျောင်ဝန်းတစ်ယောက် မုန့်သွားဝယ်နေတဲ့သူ့သူငယ်ချင်းကြီးSunooကိုစောင့်ရင်း အားကစားကွင်းနားကခုံတန်းပေါ်မှာထိုင်နေသည်
"Yarrr Jungwon" သူငယ်ချင်းကြီးSunooမှာအလောတကောနဲ့ပြေးရင်းလှမ်းခေါ်သည်
"ဖြေးဖြေးလုပ်ပါ Sunooရယ် ဘာလို့ပြေးလာတာလဲ"
"ဘာဖြစ်ရမှာလဲ ငါလေ တကယ်မထင်ထားဘူး"
"ဆောနူရာ ပြောစရာရှိတာမြန်မြန်ပြောစမ်းပါ စကားခံနေသေးတယ်"
"အေးပါ ဒီလို Jungwonမင်း အထက်တန်းဒုတိယနှစ်က Park Jayဆိုတဲ့တစ်ယောက်ကိုသိတယ်မလား"
ထိုသူကိုJungwonသိပါသည် သူအလယ်တန်းပြီးခါနီးမှာ ထိုသူကျောင်းပြောင်းလာကတည်းကကျောင်းမှာနာမည်ကြီးနေတဲ့သူပဲ
အမှန်တိုင်းပြောရရင် အထူးအဆန်းရင်ခုန်ဖူးခဲ့သည် သို့ပေမယ့်လူငယ်အရွယ်ပီပီ စိတ်ကစားတယ်သဘောထားပြီး လွယ်လွယ်သာမေ့ပစ်ခဲ့သည် ဒါတွေသူမှစိတ်မဝင်စားပဲ
"Ommmသိတယ်လေ ဘာလို့လဲ"
"ဘာလို့ရမှာလဲ အဲ့Park Jayဆိုတဲ့တစ်ယောက်ကမင်းကိုကြိုက်နေလို့တဲ့"
"မဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့ Sunooရာ"
"ဘာမဖြစ်နိုင်ရမှာလဲ ငါမုန့်သွားဝယ်နေတုန်း သူနဲ့သူ့သူငယ်ချင်းတွေစကားပြောတာ ဒီနားနှစ်ဖက်နဲ့သေသေချာချာကြားလာတာပါကွာ "ဆိုကာနားရွက်နှစ်ဖက်ကိုကိုင်ကာပြောပြလာသည်
![](https://img.wattpad.com/cover/288039887-288-k346797.jpg)
YOU ARE READING
𝙱𝚎𝚕𝚒𝚎𝚟𝚎 𝙼𝚎 𝙹𝚞𝚜𝚝 𝙾𝚗𝚎 𝙼𝚘𝚛𝚎 𝚃𝚒𝚖𝚎 [One Shot]
Fanficအရေးကြီးဆုံးကတစ်ယောက်နဲ့တစ်ယောက်နားလည်ပေးဖို့ရာပဲ...