အပိုင်း ၁

30.9K 1K 60
                                    

🌼 Unicode

 
“ဘယ်သူရှိလဲ”

တံခါးကို တဗုန်းဗုန်းထုကာ အော်ဟစ်နေပေမယ့် ပြန်ထူးသံဆိုတာမျိုး ခန့်လင်းမြတ် မကြားခဲ့ရ။ ထုရိုက်ရလွန်းလို့ လက်တွေလည်းနာလှပါပြီ။ စာသင်ဖို့ဆိုပြီးရောက်လာခဲ့သည့်ခမ်းခမ်းနားနား အိမ်ကြီးထဲ အပိတ်ခံထားရမည်ဟု မသိခဲ့ရိုးအမှန်။

ခွမ်း~

လှပစွာတပ်ဆင်ထားသည့် မှန်ချပ်တွေဟာ ထိုင်ခုံနှင့် ရိုက်ဖြိုပစ်လိုက်သည့်သူ့ကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကုန်၏။ လူတစ်ယောက်ဝင်မဆန့်သည့် လေးထောင့်အကွက်တွေမှန်း သူသိသားပါ။ သို့ပေမယ့် လွှတ်မြောက်ချင်သည့်စိတ်ကြောင့် ရိုက်ဖြိုကြည့်မိတာ။ အကျိုးဆက်အနေနဲ့ ဆောင့်ချက်ပြင်းပြင်းတို့ကိုသာ သူလက်ခံရရှိသည်။

“မင်းကို ဘော့စ်က ငြိမ်ငြိမ်နေဖို့ မှာသွားတယ်လေ”

“လွှတ်!”

သူ့ထက်ဆိုလျှင် ခေါင်း ၂ လုံးစာလောက် မြင့်သည့်အရပ်၊ ကိုယ်ထည်ထွားထွားနှင့် လူတစ်ယောက်က သူ့အား လက်ကောက်ဝတ်မှ ဆွဲခေါ်ကာ အခန်းပြင်ကို ထုတ်လာခဲ့သည်မို့ အားချင်းမမျှသည့်သူ့မှာ တရွတ်တိုက်ပင်။

“အ့”

အခန်းငယ်တစ်ခုရဲ့ ကုတင်ပေါ် ဆောင့်တွန်းချလိုက်တာမို့ လဲကျသွားပေမယ့် ချက်ချင်းပြန်ထကာ ထွက်ပြေးရန် ကြံမိသည်။

ဖြောင်း!

ခေါင်းလှည်သွားသည်အထိ ပြင်းထန်လှသည့် ရိုက်ချက်တစ်ခုက သူ့ဘယ်ဖက်ပါးပြင်ပေါ် သက်ဆင်းသွားသလို နှုတ်ခမ်းစွန်းပင် သွေးစို့သွားသည်။

“ငြိမ်ငြိမ်နေ”

ဝုန်းခနဲပိတ်သွားခဲ့သည့် တံခါးချပ်နှင့်အပြိုင် မျက်ရည်တို့က ခုန်ပေါက်သက်ဆင်းကုန်၏။ ဆန့်ကျင်မိတာမှားပြီထင်သည်။ အခုရောက်နေသည့်အခန်းက ပြတင်းပေါက်ပင် မရှိတော့။ ထွန်းညှိထားသည့် သလင်းမီးဆိုင်းငယ်ကြောင့် နေ့လား ညလားပင် မသဲကွဲတော့သည့် အခြေအနေ။

ဘယ်ကနေဘယ်လိုတွေ ဖြစ်ကုန်ရတာလဲလေ။

***

Extraordinary Love (Complete)Where stories live. Discover now