အပိုင်း ၁၈

7.8K 479 16
                                    

🌼 Unicode
 
 
“ဦး~”

ခေါ်သံနဲ့အတူ ပေါင်ပေါ်တက်ထိုင်လာသည့် Sajou.. အလုပ်ပေါ်မှအာရုံကို မျက်နှာရှေ့မှ ကောင်လေးဆီ ပို့လိုက်ရသည်။

“အဲ့မျက်မှောင်ကြီးကကျုံ့နေပြန်ပြီ။ အလုပ်လုပ်တိုင်း အဲ့အတိုင်းပဲ”

လက်ညိုးထိပ်ဖြင့်ဖိကာ သူ့မျက်ခုံးကြောတွေအား ‌ထိုးဖြေလျော့သည်။

ငွေထည်ပစ္စည်းတွေကြိုက်ဟန်ရသည့် Sajou က လက်၅ချောင်းလုံးတွင် ပုံစံကွဲငွေလက်စွပ်တွေကို ဝတ်ဆင်ထားသေးသည်။

“လက်စွပ်အသစ်က‌လေးလား”

“ဦး သတိထားမိတယ်လား”

ကြာပန်းငယ်ပုံစံကိုငွေဖြင့်ဖော်ထားသည့် လက်စွပ်ကလေးက Sajou ရဲ့လက်ညိုးထက်တွင် နေရာယူလို့ထားသည်။

“ဘာလို့ ပန်းလဲ”

“ဦးကကြာကြိုက်တယ်ဆို။ အခု ကျွန်တော် ကြာ ဝတ်ထားလိုက်ပြီ။ ဟိုကြာကိုမကြိုက်နဲ့တော့။ ကျွန်တော့်ကိုပဲကြိုက်”

သူ သဘောတကျရယ်တော့ ပါးပြင်ထဲကို နှာခေါင်းတွေကော နှုတ်ခမ်းတွေပါ နစ်ဝင်ကာ နမ်းသည်။

“ဦး ကျွန်တော့်ကိုချစ်တယ်မလား”

“သိပ်ချစ်တာပေါ့”

သူပြန်‌ဖြေတော့ပြုံးသွားသည့်ကောင်လေး။ တွဲဖူးခဲ့သမျှတွေနဲ့ ဒီကောင်လေးလောက်မကြာဖူးသလို အပျော်တွေချည်းပဲ။
ဒီတစ်ယောက်က သူ့အချစ်ဦးလို့ဆိုရမည့်အပြင် Fujimira မိသားစုနဲ့ သူဟာ သိပ်အဆင်ပြေသည်တော့မဟုတ်။

Sajou ရဲ့အဖေဆိုလည်း သူနဲ့ ပြိုင်ဘက်ပင်ဖြစ်သည်ကို Sajou က မိဘတွေနဲ့အတိုက်အခံလုပ်ကာ သူ့အားရွေးခြယ်သည်။

“တခြားလူအပေါ် စိတ်ရောက်ကြည့်။ ကျွန်တော်က အဲ့လူကိုဦးရှေ့ကနေ ဖျောက်ပစ်မှာဗျ”

နှုတ်ခမ်းလေးဆူထော်ကာပြောလေသည့် ထိုစကားလေးတွေကို သဝန်တိုခြင်းဟူသာ ခေါင်းစဉ်တပ်ရင်း ပျော်ခဲ့ဖူးသည်။

“ဟားဟားဟား”

“တကယ်ပြောတာ”

“ဟုတ်ပါပြီဗျာ”

Extraordinary Love (Complete)Where stories live. Discover now