အပိုင်း ၅

10.6K 670 38
                                    

🌼 Unicode
 
  
  
“တောက်! ငရဲသားနဲ့ စပ်မွေးထားတာနေမှာ၊ အကျင့်မကောင်းတဲ့လူကြီး”

ကျိန်ဆဲသံတို့က မိန်းမဆန်သွားသလား ခန့် မတွေးအား စကားနိုင်မလုနိုင်ခဲ့သည့်အပေါ် ဒေါသတို့က တငွေ့ငွေ့နှင့် ခြံဝန်းထဲ ဦးတည်ရာမဲ့ လျှောက်နေခဲ့လိုက်သည်။

အသိရှိလာတဲ့တခဏ လူကိုယ်တိုင်က ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ ဘေးဘီတွင် သစ်ပင်ကြီးတွေနှင့် ခြုံအချို့သာ ပေါက်ရောက်နေပြီး သူရှိနေသည်က တောအုပ်တွင်း တနေရာတွင်ဖြစ်သည်။

အိမ်ပြန်ရောက်ဖို့မပြောထားနှင့် လမ်းနှင့်တူတာပင် ခန့် ရှာမတွေ့။ ဒီစံအိမ်ခြံဝန်းကြီး ကျယ်ပြောတာသူအသိပါ။ အလာတုန်းက ခြံဝကနေ အိမ်တော်ကို ကားနှင့်ပင် ၁၀ မိနစ် ကြာသည်လေ။ သို့နှင့် လမ်းတွေ့နိုးနိုးရှာရင်း အချိန်အတော်ကြာ ခြေထောက်ညောင်းသည်အထိ ရှာသော်လည်း မတွေ့နိုင်။

“တောက်! ဒီလူနဲ့ အကျိုးကိုမပေးဘူး”

မဆိုင်သူကို ကျိန်ဆဲရင်း လမ်းရှာရန် အနီးရှိ အမြင့်ဆုံးဆိုသည့် သစ်ပင်ပေါ်သို့ ကုပ်ဖက်ကာ တက်ခဲ့လိုက်သည်။
ဟိုလူကြီးက သူ့အတွက် အင်္ကျီဘောင်းဘီတွေ အသင့်လုပ်ပေးထားပေလို့ပဲ။ မဟုတ်ရင် ဟိုနေ့က ဝတ်လာတဲ့ ပုဆိုးတထည်တည်းနဲ့ ပြဿနာတက်နေ‌ လောက်မှာ။

ဒါနဲ့ အဲ့လူကြီးက သူ့ size ကို ဘယ်လိုသိသလဲ။
အင်္ကျီဘောင်းဘီတွေက သူနဲ့ အနေတော်တွေချည်းပင်။

ခေါင်းအသာခါရင်း တက်စရာရှိတာ ဆက်တက်ပြီး မြင့်လေမြင့်လေ ရှေ့မြင်ကွင်းကို ကောင်းကောင်းမြင်ရလေမို့ အလှမ်းဝေးတွင်ရှိသောစံအိမ်ကြီးကို ခန့် လှမ်းမြင်လိုက်ရသည်။
စံအိမ်ရှိရာအရပ်ကို ကျောပေးပြီးနောက် သစ်ပင်ပေါ်မှ ပြန်ဆင်းခဲ့လိုက်သည်။

“မကောင်းတဲ့လူ၊ လူကို လိုချင်လို့ဖမ်းထားပြီး ဒီလို ပစ်စလတ်ခတ် ထားစရာလား ... အာ့”

ဆူဆဲစကားပင် ကောင်းကောင်းမပြောလိုက်ရ သစ်ကိုင်းကျိုးကျကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျသည်။
သစ်ကိုင်းတို့၏ခြစ်ရာတို့ထက် ခြေကျင်းဝတ်၏ နာကျဉ်မှုက ပြင်းထန်လာလို့ ခန့် မျက်ရည်ပါ လည်လာမိသည်။
ခြေထောက်လေးကို အသာခြွကြည့်တော့ နာကျဉ်မှုက ငယ်ထိပ်ထိတက်လာတာမို့ အိမ်ပြန်မည့် အစီအစဉ်အား လက်လျော့လိုက်ရပြီး ထိုသစ်ပင်ခြေရင်းတွင်သာ ကျုံ့ကျုံ့လေး ထိုင်နေမိတော့သည်။

Extraordinary Love (Complete)Donde viven las historias. Descúbrelo ahora