အပိုင်း (၁) ဘယ်နှချီ ချစ်မှာလဲ?Bai Luo Yin ကအိပ်ယာပေါ်မှာ
အူလိူက်သဲလိုက် ပျော်မြူးနေတဲ့ Gu Hai ကို
စိတ်မရှည်တော့ဘူး ဘယ်အရာကများ
Gu Hai ကို ပြုစားလိုက်တာလဲ ။သူကြားခဲ့ ဖူးတာတော့ သမ္မတကြီး
Gu Hai က အရယ်အပြုံး နည်း တယ်ဆိုတာပဲ ။
အခုတော့ ကြည့်ပါဦး Gu Hai မျက်နှာ ကြီးက
မျောက်အုန်းသီးရသလိုပဲ ။
အဆက်မပြတ် ရယ် မောနေတာ
သွားတွေတောင်အအေးပက်တော့မလားပဲ။
ဒီမျက်နှာ ကြီးကို .
beijing မြို့လည်ခေါင်မှာ ချိတ်ထားလိုက်ချင်ရဲ့ ။(မင်း ~~~ဘာ ဖြစ်လာတာလဲ)
bai luo yin က မနေနိုင်တော့ဘူး ။
gu hai က အဲကျမှ သတိဝင်လာတယ် ။
သူ တစ်ခုချင်းပြန်စဉ်းစားမိနေတယ်
သေချာတာတော့ bai luo yin ကို
ဒီကိုယ်ဝန် ကိစ္စ အသိမပေးရဲသေးဘူး ။ဒါက အရင်းအနှီးကြီးတယ်မဟုတ်လား ။
Bai Luo Yin က နားလည် လွယ်စွာ
လက်ခံရင်တော့ကောင်း၏ ။
ဒါမှမဟုတ်ရင်တော့ အပြတ်
အပြတ်နဲ့ နှာခေါင်းသွေး ထွက် သလို ဖြစ် လိမ့်မည် ။ဒါကြောင့် သူ ကိုယ်ရှိန်ပြန်သတ်ဖို့ ကြိုးစားမိတယ် ။
ဒါပေမယ့် ဒီအပျော်ဟာ တစိမ့်စိမ့်ရွာနေတဲ့မိုးလိုပဲ ရပ်ဖို့ခက်နေတာပေါ့ ။
အတော် ကြီး အားယူပြီး သူ bai luo yin ဆီ လိမ့် လာ လိုက် ပြီး
bai luo yin ပေါင်ပေါ်မှာ သူ့ခေါင်းကို မရမက တင်လိုက်တယ် ။
ပြီးတော့ ကြည်နူးမူနဲ့ မျက်ဝန်းတွေကိုမှိတ်ထားမိတယ်။(အပိုတွေ လုပ်မနေနဲ့ ငါဒီမှာ စိတ်ကျဉ်းကြပ်လို့ သေတော့မယ်)
bai luo yin က မစာနာစွာနဲ့ ငေါက်လိုက်မှ
gu hai ပစ္စုပ္ပန် မှာ
ပြန်အသက်ဝင်နိုးထလာတယ်။
.ထို့နောက်
သူ က လက်ဖျောက်တစ်ချက်တီးကာ အရာအားလုံးကို
ဖန်ဆင်းနိုင်သူလို ထထွက်သွားပြီး
ကတ်ကြေးသွားပြန်ကောက်တယ်
ပြီးတော့ အိပ်ရာပေါ်ပြန်တက်လာပြီး
တမင်ရင်ခွေ ထိုင်ကာ
bai luo yinနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်(ကတ်ကြေးကြီးနဲ့လား ...?)
Bai Luo Yin ရဲ့အံဩတသအမေးကို
Gu Hai က ခေါင်းတစ်ချက် အပီအပြင်ညိတ်ရင်း
(အင်း------)
YOU ARE READING
Addicted (new imagination. book 3 )
FanfictionI will love you as long as the sun bruns in the sky, as long as the moon shines its light into the dark night, until the raging blue oceans become calm and run dry. i'll love you until the end of time ( Gu...