Gu Hai ပြန်တွေးကြည့်လေ Bai Luo Yin ကို ပိုနားမလည်ပေးနိုင်ပေ။ သူတို့နိုင်ငံ ဥပဒေအရဆို ဒါပြစ်မူကြီးပဲ ။ ခက်တာက Bai Luo Yin ကိုယ်ဝန်ရတယ် ဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်သလို ဒါရှိခြင်း မရှိခြင်းကို ဘယ်သူမှ လည်း အရေးလုပ်မည်မထင် ။အတင်းအဖျင်းတစ်ခုသာဖြစ်လာနိုင်သည်။ ဒါပေမယ့် ဒီတခါတော့ သူ Bai Luo Yin ကို စိတ်နာရမည် ။
သူ့ လက်တွဲဖော်ဖြစ်သင့်ရဲ့လား သူပြန်သုံးသပ်ရမည်။ အချစ်ဆိုတာ စမ်းသပ်လို့ရမယ်ဆိုရင် Bai Luo Yin က သူ့ကို မချစ်တာ သေချာသည်။ ဒါကြောင့် သူရင့်သွေးကို ဖျောက်ပစ်တာ ။တွေးရင်း သူဝမ်းနည်းမိလာတယ် ။ မင်း တကယ့်နှလုံးသားမရှိဘူးနော်။ Gu Hai ကားကို Beijing မြို့ရဲ့ အဝေးဆုံးနေရာထိ မောင်းနေမိတယ် ။ အခု ပတ်ဝန်းကျင်ဟာ ဘယ်နေရာကြည့်ကြည့် သူ့ကို ခြောက်လှန့်နေသလိုပဲ ။ ကားဘီးအောက်က တရှဲရှဲ မြည်နေတဲ့ ပွတ်တိုက်သံတွေကလည်း သူ့ကို ခြောက်ခြားစေတယ် ။
အချိန်က ညနေမှောင်ရီပျိုးနေပြီ ။ သူက ဖုန်းခေါ်သံတွေကို လျစ်လျူရူထားတယ် ။ ဒီ ခေါ်သံတွေထဲမှာ Bai Luo Yin ပါနေမလားလို့ သူ သံသယဝင်မိသေးတယ် ။ ဒါမဖြစ်နိုင်ဘူးဆိုတာလည်း သူ့ နှလုံးသားသ သိနေပြီးသား။ တကယ်လိုများ နေအနောက်ထွက်သလိုမျိုး
Bai Luo Yin က ပြန်ချော့ရင်တောင်
သူ ဒီလူနဲ့ ဇာတ်ပေါင်းဖို့ ခုချိန်တော့ မဖြစ်နိုင်သေး။
တကယ်ပဲ ကိုယ်ချစ်ရှာတာ နာကျင်ရသည်။ဒီလိုနဲ့ သူ ဟိုတယ်တစ်ခုမှာ စိတ်ဖြေနေတာ တစ်ပတ်လောက်ကြာလာတယ် ။
Sun Gei Wei က သူ့ကားနောက်က နေနောက်ယောင်ခံပါလာတာမို့
သူဘယ်ရောက်နေတယ်ဆိုတာ သူ့ အသိုင်းအဝိုင်းကို အသိပေးပြီးလောက်ပြီ
Gu Wei Ting က သူဆီလှမ်းဆက်ကာ(သား ဘာဖြစ်တာလဲ အဖေ မသိပေမယ့် သားက အရင်ဆို ဆယ်ကျော်သက်လေးမဟုတ်တော့ဘူး ဆိုတာ သိထား ကိုယ်စိတ်ကို အေးချမ်းအောင်လုပ်ပြီး အလုပ်လာပြန်လုပ်တော့)
သူ့အမေကလည်း
(Da Hai ရေ အမေမွေးနေ့အမှီတော့ပြန်လာရမယ်နော် )
ဘယ်သူတွေ ဘယ်လို ဆက်သွယ်လာပါစေ ။Bai Luo Yin ကတော့ဖြင့် စာတစ်စောင်တောင်မှ သူဆီမပို့ပေ။ ဒါက သူ့ ပိုခံပြင်းမိတယ်။ "အေးလေ မင်း လို အမှားလုပ်ထားတဲ့သူကတောင် မာနိုင်သေးတာပဲ ငါဘာလို့ မမာနိုင်ရမှာလဲ "။ နောင်ရက်အနည်းငယ်ကြာတော့ သူ အိမ်ပြန်ဖြစ်သည် ။ တည်ငြိမ်နိုင်အောင် စိတ်ကိုအတတ်နိုင်ဆုံး ဆုံးမထားသည်။
![](https://img.wattpad.com/cover/195037179-288-k561594.jpg)
YOU ARE READING
Addicted (new imagination. book 3 )
FanfictionI will love you as long as the sun bruns in the sky, as long as the moon shines its light into the dark night, until the raging blue oceans become calm and run dry. i'll love you until the end of time ( Gu...