Episode ( 7 )

574 56 5
                                    

[ Zawgyi ]
---------------

" ဟာ Dawn ! ငါမင်းကိုမျှော်နေတာကွ "

အတန်းထဲသို့ဝင်ဝင်ချင်း သူ့ရဲ့မျက်မှန်ကိုင်းထူထူကြီးကို ပင့်တင်ပြီးအနားသို့ရောက်လာတဲ့မင်းခန့်က လက်မောင်းကိုဆွဲကာ ထိုင်ခုံနေရာဆီခေါ်သွား၍ ကြောင်တောင်တောင်နှင့်ပါသွားရသည် ။

" တီချယ်လှိုင်ကပြောသွားတယ် … ဒီနေ့ ငါတို့စာမေးပွဲဖြေထားတဲ့အောင်စာရင်းထွက်မယ်တဲ့ … ခနနေ အတန်းချိန်ဝင်ရင် တီချယ်ကြေညာလိမ့်မယ် အမှတ်စာရင်းကို "

" ဟင် ဟုတ်လား "

အောင်စာရင်းတစ်ခါထွက်တိုင်းက Dawn အတွက် ရင်အတုန်ရဆုံးအချိန်တွေပါပဲ ။

မဖြေနိုင်လို့မဟုတ် … ဖြေနိုင်ရဲ့သားနဲ့ တစ်စုံတစ်ယောက်အပေါ်မရူံးချင်လို့ ဒီစာမေးပွဲကိုအမှတ်များမှဖြစ်လိမ့်မည် ။ ကျွန်တော်ထပ်ပြီး အရူံးသမားမဖြစ်ချင်တော့ဘူး … loser ဆိုတဲ့စကားကို Dawn ဘဝမှာအမုန်းဆုံးပဲ ။

အနိုင်ပိုင်းလိုမှုနဲ့ကြည့်ခံရမဲ့အကြည့်တစ်စုံရယ် သာမန်ကာလျှံကာနဲ့အသိမှတ်မပြုသလိုကြည့်လာမဲ့မျက်ဝန်းတစ်စုံရယ်ကို Dawn အကြောက်ဆုံးပဲမို့ အဲ့လိုမဖြစ်ရစေအောင် ဒီတစ်ခါစာမေးပွဲမှာ ကျွန်တော်အများကြီး အားစိုက်ထားခဲ့တယ် ။ ဒါကြောင့်လည်း ထွက်လာမဲ့ result အတွက်ကို ရင်အတုန်ဆုံးက ကျွန်တော်ပဲဖြစ်ပါလိမ့်မည် ။

English စာသင်ပေးနေတဲ့ Teacher cherry ရဲ့အတန်းချိန်ပြီးဖို့ကပင် နာရီပေါင်းများစွာစောင့်လိုက်ရသလိုပဲ ။ Goodbye teacher လို့နူတ်ဆက်လိုက်ရတဲ့စကားက ဒီတစ်မနက်လုံးအတွက် ဝမ်းသာအားရအရှိဆုံးစကားလုံးပင်ဖြစ်သည် ။

ထိုစဉ် စာရွက်အထပ်လိုက်ကိုကိုင်ပြီး အတန်းထဲသို့ဝင်လာသော တီချယ်လှိုင်ကြောင့် စိတ်လှုပ်ရှားမှုကြီးစွာ ကိုယ်ကိုမတ်မတ်ထိုင်လိုက်မိသည် ။

" ကဲ ကလေးတွေ … ပြီးခဲ့တဲ့ ၂ ပတ်ကဖြေထားတဲ့အဖြေလွှာရဲ့ test result ထွက်ပြီနော် … အတန်းမစခင် တီချယ် အမှတ်အများဆုံးရတဲ့လူကိုကြေညာပေးမယ် … ပြီးရင် board မှာ အမှတ်စာရင်းကိုကပ်ထားပေးမယ် အမှတ်တွေဘယ်လောက်ရလဲရှာကြည့်ကြပေါ့ … ကျတဲ့သူတွေကတော့ ထုံးစံအတိုင်း ဒဏ်ကြေးဆောင်ဖို့ရုံးခန်းထဲကိုကြွလာခဲ့ပါ … Ok ? "

သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္ဆာဝယ် [ ZG & Uni ] သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္Donde viven las historias. Descúbrelo ahora