ep(9)

759 66 12
                                    

Unicode

Tae's mom- သားရေ jinလေးက ဖိတ်စာလာပေးသွားတယ်

Tae- လာပြီ အမေရေ

Tae's mom- ဟော ကြည့်.. ဖိတ်စာယူပြီးအခန်းထဲဝင်သွားပြန်ပြီ... ကြာရင်နင် စိတ္တဇဖြစ်သွားမယ်..

Tae-မဖြစ်ပါဘူးအမေရာ

Tae's mom- ပြောမရလဲမပြောတော့ဘူး.. စျေးသွားဦးမယ် အမေကော်ဖီဖျော်ထားခဲ့တယ်

Tae- ကောင်းကောင်းသွားပါ

အမေထွက်သွားသည်နှင့် ကျွန်တော်လဲအခန်းထဲပြန်ဝင်ကာ အတွေးနယ်ချဲ့နေလေတော့တယ်..
သည်းငယ်ကအရမ်းအလိုလိုက်ခံချင်တာလေ သူကအလိုလိုက်ပါ့မလား သည်းငယ်ကနေမကောင်းဖြစ်ရင်အရမ်းဆိုးတာ သူသည်းခံပါ့မလား အခုဆိုသည်းငယ်လေးကမိုးခြိမ်တာတို့ဆိုအရမ်းကြောက်တတ်နေပြီ အဲ့အချိန်သည်းငယ်ရဲ့ဆိုင်သူကြီးက သည်းငယ်အနားရှိပါ့မလား သည်းငယ်ကိုရောတကယ်ချစ်ရဲ့လား သည်းငယ်ကိုရော အလျှော့ပေးပါ့မလား စိုးရိမ်တယ်သည်းငယ်ရယ်.... fri zoneဆိုတယ့်အကန့်လေးကြောင့်မင်းအပေါ်ထားတယ့်ခံစားချက်တွေ မပြောဖြစ်တာအများကြီး..။

.
.
.
(3days later)

သူ့အဖေလက်ကိုတွဲရင်း ကတ္တီပါကော်ဇောနီကြီးတစ်လျှောက် ဖြေးဖြေးချင်းလျှောက်လှမ်းလာတယ့် ကျွန်တော် ဘယ်တော့မှပိုင်ဆိုင်လို့မရတော့တယ့် ကျွန်တော့်ရဲ့သည်းငယ်လေ...အရမ်းလှတယ်

Jin's dad- သားလေးကိုအများကြီးချစ်ပေးပြီးဂရုစိုက်စောင့်ရှောက်ပေးပါ

Jk- ဟုတ်ကဲ့ပါ သားသေချာထိန်းသိမ်းစောင့်ရှောက်သွားမှာပါ

ထို့နောက်ကတိသစ္စာပြုကြလေတယ်

ဘုန်းတော်ကြီး(father)- သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ

.
.
.

သည်းငယ်ရဲ့နှုတ်ခမ်းကိုတစ်ခြားတစ်ယောက်ကကိုက်ခဲနမ်းရှိုက်နေတာ ဘယ်စိတ်နဲ့များဒီမြင်ကွင်းကို ငါကြည့်ရပါမလဲသည်းငယ်...။
ခနကြာတော့ လက်ခုတ်သံတစ်ဖြောင်းဖြောင်းနဲ့ နမ်းလို့ပြီးသွားပြီထင်ပါတယ်.. ကျွန်တော်လဲခေါင်းကိုအောက်ဆိုက်ထားရာမှ ပြန်မတ်လိုက်ပြီး သည်းငယ်ကိုကြည့်လိုက်တော့ ချစ်ရည်ရွှမ်းနေတယ့်မျက်ဝန်းနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတာ ဘယ်စိတ်နဲ့များ ငါအသက်ရှင်ရပါတော့မလဲ ... တစ်ပြိုင်နက်ထဲ အရာနှစ်ခုကိုဆုံးရှုံးလိုက်ရတယ် မင်းရယ် ပျော်ရွှင်မှုတွေရယ်...။  သည်းငယ်တို့ကတော့ လိုက်ဧည့်ခံနေလေပြီ... အမှန်ဆို သည်းငယ်လက်ချိတ်ထားတယ့်သူနေရာမှာ ငါဖြစ်သင့်တာမလား...။
.
.

Pain (နာကျင်ခြင်း) Jinkook (Uni And Zawgyi)Where stories live. Discover now