Unicode
အချိန်အားဖြင့် ညနေ4နာရီရှိပြီ....ခြံတံခါးပွင့်နေတာကြောင့် ပထမက ကြောက်စိတ်ဝင်နေပေမယ့် အကို့ရဲ့အနက်ရောင် ပြိုင်ကားလေးအားတွေတော့မှပဲ ပြုံးရွှင်ရတော့တယ်...။
Jin- အကိုကအစောကြီးပြန်လာတာပဲ.. ဟီး မပျင်းရတော့ဘူးပေါ့...
အကို့အကြောင်းလေးတွေးရင်းအိမ်ထဲသို့ဝင်လာလိုက်တယ်...။ ဧည့်ခန်းမှာ ခြေချိတ်ပြီးအခန့်သားထိုင်နေတဲ့အကိုက နှုတ်ခမ်းတို့ကကွေးညွတ်မနေပါပဲ အပြုံအရယ်မရှိစွာ တည်ငြိမ်လှတယ်... မျက်လုံးတို့ကလဲ နီနေသယောင်ယောင်နဲ့...။ မျက်ခုံးတို့ကလဲတွန့်ကျိုးနေသည်...။
Jin- အကို အစောကြီး ပြန်လာတာလား
Jk- ဒါဘယ်ကပြန်လာတာလဲကောင်လေး...
Jin- hsတို့နဲ့မုန့်သွားစားတာပါ
Jk- အငယ်နှောင်းနဲ့သွားချိန်းတွေ့နေတာမဟုတ်ဘူးလား
အကို့ရဲ့လေသံဟာအရမ်းကိုတင်းမာနေတော့တယ်..
Jin- အကို ဘာတွေပြောနေတာလဲ...
Jk- ရော့...
ကျွန်တော့်ဆီကိုစာအိတ်ပစ်ပေးလာတဲ့အကိုက အမှန်တကယ်ကိုဒေါသထွက်နေခဲ့တာပဲ....
.
စာအိတိကလေးအားဖွင့်ကြည့်မိတော့ ဓာတ်ပုံတွေ... အထူးသဖြင့် ကျွန်တော်နဲ့ taeနဲ့ပွေ့ဖက်နေတဲ့ပုံတွေ....။
Jin- အကို ကျွန်တော်ရှင်းပြတာနားထောင်ပါဦး
Jk- ဘာမှရှင်းပြမနေပါနဲ့တော့...
ထိုင်နေရာမှ ထကာ အပြင်သွားဖို့ဦးတည်နေတဲ့အကို့ရဲ့ရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး အကို့ခြေထောက်တွေကိုဖက်တွယ်ထားလိုက်တယ်...။
Jin- တောင်းပန်ပါတယ် ကျွန်တော်ပြောပြတာ နားထောင်ပေးပါဦးလား... ကျေးဇူးပြုပြီး...။
Jk- မင်းရဲ့အရှုပ်ဇယားတွေကို ငါ့မှာနားထောင်ပေးဖို့အချိန်မရှိဘူး...။ဖယ်စမ်းကွာ...။
ဒေါသထွက်နေတဲ့ကျွန်တော်က ကောင်လေးအား တွန်းထုတ်လိုက်တယ်... နံရံနဲ့ကျောပြင်လေးက မိတ်ဆက်သွားတော့ အင့်ကနဲ့အသံထွက်လာလေရဲ့...။ ကောင်လေးရဲ့မျက်နှာထက်နေရာယူနေတဲ့ မျက်ရည်စတို့...။
YOU ARE READING
Pain (နာကျင်ခြင်း) Jinkook (Uni And Zawgyi)