Ep2

73 10 0
                                    

"ဝှား မေမေ သားသားအိပ်ခြင်တယ် "

ရင်ခွင်ထဲကသားရဲ့ သန်းဝေနေတယ့်အသံကြောင့်
ငယ် ခြံထဲမှာထိုင်နေရာကနေ
မတ်တပ်ရပ်လိုက်ပြီး
ဝသုန်ကို ရှာရန်
မျက်လုံးဝေ့ကြည့်လိုက်သည်။

တစ်ခြံလုံးကို ကြည့်တာအကြည့်တာနှံ့သွားသည်။
ဝသုန့်ကိုရော အစ်ကို့ကိုရောမတွေ့ပေ။
အန်တီကလည်း သူ့အသိတွေနဲ့
စကားဝိုင်းဖွဲ့နေသည်မလို့
သားသားကို သေချာပွေ့ရင်း
အိမ်ထဲသို့ ဝင်လာခဲ့သည်။

ခနခနလာလည်နေကျမလို့
အိမ်ထဲရှိအလုပ်သမားများမှာလည်း
ဟန့်တားခြင်းမရှိပေ။

"အစ်မရေ ဝသုန်ကို တွေ့မိလား "

"မတွေ့မိဘူးငယ်လေး"

"ဟုတ် အစ်မ "

ဒီတစ်ယောက်ကဘယ်သွားနေတာလဲ
ကလေးက အိပ်ခြင်နေပြီကို
ငယ် ကလေးကို အိပ်ခန်းထဲမှာ
တစ်ယောက်တည်းမထားခဲ့နိုင်ပါ
မတော်လို့များ ကုတင်ပေါ်က လိမ့်ကျရင်
ဘယ်လိုလုပ်မလဲ ဒီအရွယ်လေးတွေက
အအိပ်ကြမ်းကြမ်းနဲ့
သူများ အိပ်ခန်းထဲလည်း ဝင်မစောင့်ခြင်။

နောက်ဆုံးတော့ စောနကအတိုင်း
ကလေးကို ချီကာ
ငယ်မှာ လိုက်ရှာရပြီ။
အတော်ကြာအောင် ခြံထဲပတ်ရှာနေတာမလို့
အချိန်က ၁၀နာရီကျော်နေပြီ

"ဟင်း မေမေ "

လိုက်ရှာနေတာမလို့ ရင်ခွင်ထဲက
သားသားဟာ ကောင်းကောင်ူအိပ်မရဘူးထင်ပါရဲ့
အနည်းငယ်လေးလှုပ်လာလို့ ပြန်ကာ
ပုတ်သပ်တော့
သားသားဟာ သူ့ဖေဖေကို လက်ကလေးနဲ့ စမ်းနေသေးတာမလို့
ငယ်မှာ ကုတ်အင်္ကျီလေးကို
ချွတ်ကာ ခြုံပေးထားရသည်။

တကယ်ပါဘဲ ချာတိတ်ကတော့လေ
ဘယ်တွေပျောက်နေတာလဲ မသိဘူး။
..........

ထိုမြင်ကွင်းကို အပေါ်စီးကနေ
ကြည့်​ေနသူတစ်ဦး

ဟန်ဆောင်ခြင်းမရှိ
နှုတ်ခမ်းသားတို့ကော့တက်ကာ
သွားတန်းတို့ ပေါ်သည်အထိ
ပြုံးလိုက်သည့်သူကတော့
ဝသုန်ခက်ထန်ဦးပင်

သားက ငယ့်ကို အရမ်းကပ်လွန်းသည်
တွေ့တာ တစ်ရက်မပြည့်ပေမယ့်ပေါ့
ဒါက ဝသုန်အတွက် ကံကောင်းခြင်းဘဲ
ဉာဏ်များတယ်ဘဲ ပြောပြော
သူ့အနေနဲ့ သားကိုအကြောင်းပြုကာ
ငယ့်ကို ဆွဲထားဦးမည်။

My love is my brother's boyfriendWhere stories live. Discover now