Ep1

202 11 1
                                    

သစ်စေးရောင်လေး သုတ်ထားတယ့်
ထမင်းဆိုင်လေး
ထမင်းဆိုင်ဆိုတာထက်
အစားအသောက်အကုန်ရသော
စားသောက်ဆိုင်လို့ပင် ပြောရမည်။

သစ်သားနဲ့ လုပ်ထားတယ့်ခုံလေးတွေနဲ့
အရင်လူကြီးတွေသုံးတယ့် လက်ဖက်ရည်ခွက်လေးတွေ
ရေနွေးအိုးကိုလည်း
ကြွေနဲ့ထည့်ကာ
ဆိုင်ထိုင်သည်နဲ့ ချပေးတယ့် ဒီဆိုင်လေးဟာ
ဈေးအတော်အသင့်နဲ့ သပ်သပ်ရပ်ရပ်မို့
စားသုံးသူများကြသည်။

"အကိုရေ အကိုရဲ့ချစ်သူရောက်နေပြီ"

ပုဆိုးလေးသေသေသပ်သပ်ဝတ်ကာ
အဝတ်စုတ်လေးကိုင်ရင်း
ဝင်လာတယ့် အနှီးကောင်လေးဟာ
ဒီ "ရှေး"ဆိုတယ့် စားသောက်ဆိုင်ပိုင်ရှင်ရဲ့
မွေးစား ညီငယ်လေး

ညနေပိုင်း တုတ်ထိုးအတွက်
တို့ဖူးတွေကြိုထိုးနေတယ့် ရှေးကမ္ဘာငယ်ဟာ
ညီငယ်လေးရဲ့ စကားကြောင့်
အမြန်ခေါင်းငြိမ့်ပြကာ မတ်တပ်ရပ်လိုက်သည်။
လုပ်လက်စတွေလည်း ထားခဲ့ရင်းပေါ့
လက်ကိုဘေစင်မှာ သေချာဆေးကာ
အလုပ်လုပ်ရင်း ချွေးထွက်တာကြောင့်
ချွေးစော်နံရင် အစ်ကိုမကြိုက်မည်စိုးတာကြောင့်
ရေမွှေးလေးလည်း အမြန်ဆွတ်ရသေးသည်။

သူချစ်တယ့် အစ်ကိုသည် အသန့်ကြိုက်ကာ
သပ်သပ်ရပ်ရပ်ဖြစ်မှ သဘောတွေ့သူမလား။
ဆံပင်လေးကိုသာ သပ်သပ်ရပ်ရပ်ဖြစ်အောင်
လက်ကလေးနဲ့ဖိသပ်ရင်း
ခြေလှမ်းတွေဟာ အစ်ကို့ဆီသို့

တွေ့ပါပြီ အစ်ကို့ကို
စားပွဲထောင့်စွန်းလေးနားမှာ
ထိုင်နေတယ့်အစ်ကိုဟာ
သူ့ရှေ့က လူတစ်ယောက်နဲ့ စကားပြောနေလေရဲ့
နောက်ကျောဖြစ်နေတယ့် လူကို
ငယ် မမြင်ရပေမယ့်
စိတ်ထဲကတော့ ရင်းနှီးနေသလိုပင်

သို့ပေမယ့် ဝေဝါးနေတာမလို့
မစဥ်းစားတော့ဘဲ
အစ်ကို့ကိုသာ ခေါ်လိုက်တော့သည်။

"အစ်ကို "

ဝသုန်ခက်ထန်ဦး သားကိုချီထားရင်း
အစ်ကိုကြီးနဲ့စကားပြောနေစဥ်
အစ်ကိုလို့ ခေါ်လိုက်သည့်အသံကြောင့်
သွေးကြောတွေပင် ဖျင်းခနဲဖြစ်သွားရသည်။

အစ်ကိုကြီးက သူ၏ချစ်သူကောင်လေးနဲ့ မိတ်ဆက်ပေးမှာလေ
ဒါဆို သူလွမ်းနေခဲ့ရတယ့်သူရဲ့ အသံလေးက
ဘာကြောင့် ဒီမှာကြားနေရတာလဲ
မဝံ့မရဲ အသံလာရာကို လှည့်ကြည့်တော့
အနည်းငယ် ညိုနေတယ့်အသား
မြကြာဖြူပုဆိုးအကွက်လေးနဲ့
ရှပ်အင်္ကျီလေး လက်ခေါက်ကာ
ပြုံးပြရင်း မတ်တပ်ရပ်နေသူသည်
ဝသုန် အမြဲ သတိရနေသူ။

My love is my brother's boyfriendOnde histórias criam vida. Descubra agora