ပိုချစ် သူ ဟာ အရှုံး ပဲ တဲ့။
အနိုင်အရှုံး မရှိတဲ့ အချစ်ပြိုင် ပွဲ မှာ
ကိုယ်တို့ နှစ် ယောက်လုံး မနိုင်ခဲ့ပါဘူး ငယ်။
ရှုံးတဲ့သူလည်းမရှိခဲ့ဘူးပေါ့။"ကိုယ် သိ လား ဟိုနေ့ က စျေးထဲ မှာ ဖေဖေ့
လူ တွေ ကို တွေ့လိုက်တယ် "ပေါင်ပေါ် ကျကျနန ထိုင်လိုက်၍ ငယ်က
စိတ် ဝင်စားစွာပြောသော်လည်းကိုယ်က
စာအုပ်ထူထူ ပေါ်တွင်သာ အာရုံရှိသည်။" ကိုယ် ... သိလားလို့ဆို"
အသံလေး မသိမသာ မြင့်ရင်း နှုတ်ခမ်းလေးဆူကာ ချွဲတော့ အညိုရောင် မျက်ဝန်း တစ်စုံစာအုပ်ပေါ်မှ
သည်် ငယ့်မျက်နှာပေါ်သို့ ရောက်လာသည်။"အင်း"
တစ်လုံးတည်းသာ ဖြေ ရင်း အကြည့်တွေကစာအုပ် ပေါ် ပြန်ရောက်သွား သည့်
ကိုယ့်ကို ငယ် စိတ် ဆိုး ပစ်ချင်သည်။ ကိုယ်က ငယ်နဲ့ပတ်သတ်ရင်ဘာမှ ဘယ်အရာကိုမှ စိတ်ဝင်တစား မရှိဘူးလို့ တဖက်သက် စွပ်စွဲ ချင်ပေမယ့် အချို့ ချို့ သော ကိစ္စလေး တွေကြောင့် ကိုယ့်ပေါ် ကို ငယ့်မှာ
စိတ်မဆိုးရက်ပေ။
တကယ် တော့ ကိုယ်ဟာ နှင်းဆီ နက်
တစ်ပွင့်သာလျှင်။ ဆူး ချွန်ချွန် တွေ ရှိမှန်းသိရက်
ပိုင်ဆိုင်မိချင်လွန်း၍ အနာ ခံပြီး ပွေ့ဖက်ထားမိလိုက်လို့ နှုတ်ရခက်နေတဲ့ ဆူးလေးတစ်ချောင်းနဲ့ တို
ပိုလို့တောင် တူသေးသည်။ မနှုတ်ချင်ပါဘူးလေ။
နှလုံးသား ထဲ ဘယ်လောက် နက်နက်စိုက်ဝင် နေပါစေ တဆစ်ဆစ် ခံစားရတဲ့ နာကြင်မှုကိုမှ
ငယ်က မက်မော မိသူမို့လား...။မတောင်းဆို ပေမယ့် အနှုတ်ပြနေတဲ့ လန်ဒန်ရဲ့ အအေးဒဏ်အောက် အညိုရောင် တီရှပ် လေး
ဝတ်ထားတဲ့ ကိုယ် အနွေးဓာတ် လိုနေမလား
တွေးမိတာကြောင့်အလိုက်သိစွာ ရင်ခွင်ထဲကို
တိုးရင်း ဖက်ထားပေးမိသည်။
ရင်ဘက်ပေါ် ပါးချင်းအက်ထားတာကြောင့်
နားထဲ တိုးဝင်လာတဲ့ ကိုယ့်ရဲ့ ရင်ခုန်သံ လေးကြောင့် ငယ့်မှာပီတိ ဖြစ်ရသည်။
နှလုံးသား ရှိ တဲ့ရင်အုပ် လေးကို ဖွဖွလေး နမ်းရင်း ရှက်လွန်းလို့ ရင်ခွင် ထဲ ခေါင်း နစ်ထားရင်း မျက်လုံး တွေ ကိုဇွတ်ပိတ်ထားမိသည်။