Part_10 ( Zawgyi )

103 4 0
                                    

Gulf သတိရလာတဲ့အခါ သူဟာ ကုတင်တစ်ခုပေါ်မှာရှိနေခဲ့ပြီး လက်နှစ်ဖက်ကိုကြိုးတုပ်ခံရတာကို သိခဲ့ရသည်။

ခေါင်းမှ တစ်ဆစ်ဆစ်နာကျင်မှုနဲ့အတူ မူးဝေတဲ့ဝေဒနာကိုပါတစ်ချိန်ထဲခံစားလိုက်ရသည်။

မျက်လုံးမှာ ‌ဝါးတားတား ဖြစ်ပေမယ့် ရှေ့ကို သေချာကြည့်လိုက်တော့ လူနှစ်ယောက်ဟာ သူ့ကိုကျောပေးရပ်နေပြီး အဲ့လူနှစ်ယောက်ရဲ့အိပ်ကပ်ထဲ ဓားမြှောင် တစ်ချောင်းစီထည့်ထားတာက်ုတွေ့လိုက်ရသည်။

သေချာတာတစ်ခုကတော့ သူ အဖမ်းခံထားရပါပြီ။ အဖမ်းခံရတယ်ဆိုတော့ ဖမ်းတဲ့လူရှိလို့ပေါ့။ ဘယ်သူလဲ?

"ဟေ့လူတွေ"

Gulf ဆောင့်အောင့်အောင့်နှင့် မျက်နှာထားတင်းတင်းနဲ့ ခေါ်လိုက်တဲ့ချိန်လှည့်လာတဲ့ လူ ထွားနှစ်ယောက်။

ဘာလဲဆိုတဲ့အကြည့်နှင့် မျက်ခုံးပင့်ပြတာခံလိုက်ရသည်။

"ငါ့ကို ဘာလို့ဖမ်းတာလဲ။ ပိုက်ဆံလိုချင်လို့လား။ သတ်ဖို့လား"

"သတ်ဖို့ဖြစ်စရာလား ကိုရယ်"

တံခါးပေါက်မှ ကြားလိုက်ရတဲ့ မိန်းကလေး အသံကို Gulf မှတ်မိပါသည်။

"မင်းကိုး ဟက်"

"ဒါပေါ့ "

"ဘာလို့လဲ"

"Gulf ကတို့ကိုခြိမ်းခြောက်သွားတာကိုး။ အဲ့တော့ Gulf တို့အပေါ်ကို မရက်စက်ခင်တို့က အရင်ရက်စက်လိုက်ရတာပေါ့ ဟင်?"

Grace Gulf ရှိနေတဲ့အိပ်ရာထက်တက်လာပြီး Gulf ရင်ဘတ်ပေါ်ခေါင်းတင်ရင်း ပြောလိုက်တယ်။

ကန်ထုတ်ပစ်ချင်ပေမယ့် ‌လက်ကော ခြေထောက်ပါ ကြိုးတုပ်ခံထားရတာမို့ ဘယ်လိုမှလှုပ်မရ။

"ဘာလိုချင်တာလဲ"

"Ummm......အစကတော့ Gulf ကိုယူမို့ဘဲ။ ဒါပေမယ့် ခုက စိတ်ပြောင်းသွားပြီ။ Gulf ရဲ့ Sugar Daddy ဆီကနေ ပါးပါးလေး ယူမို့"

"မင်းရူးနေလား"

"ရှူးးးးးးး တိုးတိုးပြောပါ ။ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး company ကိုပိုင်ထားပြီးတော့ သုံးမကုန်အောင်ရှိနေတဲ့လူဆီက နဲနဲလေးတောင်းတာ ဘာမှမဖြစ်ပါဘူး။"

❤️တေးသွားတစ်ပုဒ်❤️Where stories live. Discover now