Uni
Robot .85 (one shot)
____________________ကြီးမြတ်သောဝမ် ၊ စကားနားမထောင်သော ဝမ် ၊သွေးအေးသော ရက်စက်သော ဝမ် ၊သူ့ရဲ့ ရိုဘော့ဝမ် ။
ဒီအလှနတ်ဘုရားကို သူကိုယ်တိုင်ထုဆစ်ခဲ့ အသက်သွင်းခဲ့တာ ။
မသေနိုင်သော ကိုယ်တိုင်ပြန်လည် အင်အားဖြည့်တင်းနိုင်သော လူမှတ်ဥာဏ်အစားသွင်းခဲ့ပြီး ခန္တာကိုယ်အပေါ်မှာ လူ့အရေပြားနဲ့ အနီးစပ်ဆုံးတူတဲ့ ဆီလီကွန်သားနဲ့ အုပ်ထားတာမို့ နှုတ်ခမ်းလေးတွေကအစနူးညံ့သယောင်။ဒေါင်းမြီးလိုယှက်ဖြာကော့တက်နဲ့နေတဲ့ မျက်တောင်စိပ်စိပ်တွေ တစ်ချက်ခပ်ရင်ဖြင့် စိမ်းပြာရောင်မျက်ဝန်းတွေကို မြင်နိုင်မယ်။ ဒီမျက်ဝန်းနဲ့အကြည့်ခံရရင် ယစ်မူးစွဲလမ်းစေနိုင်တယ်။တနည်း ...အတွင်းစိတ်ကိုပါနှိုက်ထုတ်ခံရသလို ကြောက်ရွံ့ထိတ်လန့်ဖို့ကောင်းတယ်။ခုတော့ လူသတ်တဲ့ဝမ်။
" မင်းကိုမုန်းတယ်ဝမ် ငါ့သားကိုသတ်ပစ်ခဲ့လို့''
ထုံးစံအတိုင်းသူ့ဆီကတော့ တုံ့ပြန်မှုမဲ့လို့။
သူ့ကိုအသက်သွင်းခဲ့တုန်းက ရရှိလာတဲ့ပျော်ရွှင်မှုကို ခုထိပြန်ခံစားမိနေတုန်း။
YOU ARE READING
Robot.85
Short StoryShot stories လေးတွေဒီမှာစုထားပါမယ် ကြီးမြတ်သောဝမ် ၊ စကားနားမထောင်သော ဝမ် ၊သွေးအေးသော ရက်စက်သော ဝမ် ၊သူ့ရဲ့ ရိုဘော့ဝမ် ။