Uni
.နင့်...............
မင်းတို့ဘဝမှာ လူတစ်ယောက်ကို * နင့် *
နေအောင် ချစ်ခဲ့ဖူးလား..ကျနော်ကတော့ ရင်နှင့်အမျှ. နင့် .နေအောင်ချစ်ခဲ့ဖူးတယ်...အခန်းထဲက နှစ်ယောက်အိပ်ကုတင်ကြီးပေါ် ထိုင်နေတဲ့လူက သူ့ရဲ့ခန္တာကိုယ်ကို အနားမပေးပဲ လှုပ်စိလှုပ်စိနဲ့ ပါးစပ်ကလည်းတခုခုကိုရေရွတ်ရင်း ဂဏာမငြိမ်။
အခန်းထဲမှာ ပစ္စည်းများများစားစားမရှိသော်လည်း အနည်းငယ်လည်းရှုပ်ပွနေသလို။အခန်းကလည်း တိတ်ဆိတ်ခြောက်သွေ့နေတယ်။
ပြတင်းတံခါးကကြည့်ရင် မြင်နေရတဲ့အပင်ကြီးက ရော်ရွက်တွေဝါနေတာကြောင့် အခန်းထဲကလူရဲ့စိတ်ကို ပို၍ဆွေးလျစေတယ်။
တခါတခါ ဖက်လုံးကို လူတစ်ယောက်လို သဘောထားကာ စကားတွေပြောရင်း တောင်းပန်နေတတ်သလို၊ ဖက်ကာဆွဲနမ်းတာများလည်းရှိတယ်။
အတော်များများကတော့ နူးညံ့ညင်သာစွာ ဆက်ဆံပေးနေပုံလေးက မြင်ရသူ ရင်ကွဲစေတယ်။အခန်းပြင်က ခိုးကြည့်နေတဲ့လူနှစ်ယောက်ကတော့ မျက်ရည်းခိုးသုတ်နေကြရုံမှတပါး မတတ်နိုင်ပါ။
သွားလည်းမနှောက်ယှက်ရဲသလို အခန်းရှင်းတာကိုတောင် သူအိပ်နေချိန်မှသာလုပ်ပေးရဲပြီး သူနိုးလာတာနဲ့ ရှင်းလက်စတွေထားလို့ အသာလေးလစ်ထွက်ရမြဲပင်။"မိန်းမရောဂါရှာမနေပါနဲ့ကွာ သွားရအောင် ''
"တော့်မျက်ရည်တွေ သုတ်ပြီးမှပြောပါတော်''
.
.
.
လွန်ခဲ့သောပျော်စရာအတိတ်နှစ်များဆီ......မားသူငယ်ချင်းရဲ့
အသုဘမှာ ရောက်နေတာပင် ။
မားက မလိုက်နဲ့ပြောတာကို ဇွတ်လိုက်လာခဲ့တာ။မားသူငယ်ချင်း အိမ်လာလည်တုန်းက ပါလာတဲ့ ဖြူဖြူလုံးလုံးနဲ့ မုန်လာဥလေး အဆင်ပြေရဲ့လား သိချင်လို့ မားစကားကို ပထမဆုံး နားမထောင်မိချင်းပါ။
သူလေးအိမ်ပါလာဖူးတည်းက ရှောင်ကျန့်မှာ ချစ်လိုက်ရတာ။ သူ့မားမားအလောင်းဘေး.ငိုနေတဲ့ မုန်လာဥဖြူလေးကို ကြည့်ရင်းစိတ်မကောင်းမိ။
ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖြူကြည်ကြည်မျက်နှာလေးမှာ
ငိုထားလို့ မျက်ရည်တွေ၊ နှပ်တွေရွှဲနေလို့ရယ်။
YOU ARE READING
Robot.85
Short StoryShot stories လေးတွေဒီမှာစုထားပါမယ် ကြီးမြတ်သောဝမ် ၊ စကားနားမထောင်သော ဝမ် ၊သွေးအေးသော ရက်စက်သော ဝမ် ၊သူ့ရဲ့ ရိုဘော့ဝမ် ။