Uni
Plastic Love (oneshot)
ပလပ်စတစ်အချစ်
..............................သူကအရေးတယူပြောနေရလောက်အောင်
ခန်းနားထည်ဝါခြင်း မရှိဘူး။
ဒါပေမယ့် နေရာတိုင်း အသုံးတည့်တယ်။
စွန့်ပစ်ခံရရင်လည်း ပတ်ဝန်းကျင်နဲ့
မြေသြဇာနဲ့အတူ လိုက်လျောညီထွေ ရှင်သန်နိုင်တယ်။
အထူးဂုဏ်ရည် တာရှည်ခံတယ်။သူ့အချစ်......
အရေးတယူပြောနေရလောက်အောင်
ခန်းနားထည်ဝါမပြခဲ့ဘူး။
ဒါပေမယ့် လိုအပ်ချိန်တိုင်းတွက် အဆင်သင့်ဖြစ်နေပေးခဲ့တယ်။
စွန့်ပစ်ခံရချိန်တိုင်းမှာလဲ လိုက်လျောညီထွေ ရှင်သန်နိုင်ဖို့ ကြိုးစားရင်း....
ဆက်ချစ်နေပေးခဲ့တယ်။
မိုးဒဏ်၊လေဒဏ်၊ပတ်ဝန်းကျင်ဒဏ်ခံရင်း
မပြောင်းမလဲ ရှည်ကြာဆုံးသော အချစ်တွေနဲ့။***************
"ကော ရိပေါ်တို့ဒီချယ်ရီပင်ကြီးအောက်မှာ
ဒီစာလေးတွေရယ် အမှတ်တရပစ္စည်းလေးတွေရယ် မြှုပ်ကြမယ်လေ...နောက်ငါးနှစ်နေလို့ ကောပြန်လာမှအတူပြန်ဖွင့်ကြည့်ကြမယ် သဘောကျလား''"အင်းယွန်းသေတ္တာလေးနဲ့ထည့်မြှုပ်မယ်''
"အာ.....ပိုးစားတာတွေခြကိုက်တာတွေဖြစ် မလားနော်ကော.... ယွန်းသေတ္တာလေးအပြင်က ပလပ်စတစ်လေးတစ်ထပ်ပါထည့်မြှုပ်မယ်လေနော် သူကအကြာရှည်ကြီးခံတယ်တဲ့''
~~~~~~~~~~~~~~~~~
လေယာဥ်ပေါ်ကဆင်း မွေးရပ်မြေကိုခြေချလိုက်တာနဲ့ ရင်ထဲကိုလှိုင်းတစ်ခု ရေးရေးလေး ဖြတ်စီးသွားတယ်။
ဒီမြေဒီရေရဲ့ ရနံ့ လွမ်းနေခဲ့တာ ဆယ်နှစ်တိတိ။
တိတိကျကျပြောရရင် တစ်စုံတစ်ယောက်ကို လွမ်းနေခဲ့ရတာ ရင်နှင့်အမျှ။
လာကြိုနေတဲ့ မားကိုပွေ့ဖက်နှုတ်ဆက်လိုက်ရင်း မြင်ချင်နေတဲ့အရိပ်လေးကို တိတ်တခိုးရှာဖွေမိတော့ လားလားမှမမြင်။ဒရိုင်ဘာဖွင့်ပေးလာတဲ့ ကားနောက်ခုံမှာဝင်ထိုင်လိုက်ရင်း ခန္တာကိုယ်ကို သက်တောင့်သက်သာအနေထားပြင်ထိုင်လိုက်တယ်။
နှုတ်ကထုတ်ပြီးမေးလိုက်ချင်ပေမယ့် မားဘေးနားရှိနေတာမို့ မမေးရဲ။ဆယ်နှစ်တာအတွင်းပြောင်းလဲသွားတဲ့ ရှန်ဟိုင်းမြို့ကြီးကို တမေ့တမောငေးရင်း မမေ့နိုင်တာက ထိုအရိပ်လေးသာ။သူကရောပြောင်းလဲနေလေပြီလား။ ဆယ်နှစ်တာဆိုတဲ့ အချိန်ဟာကာလဟာ လူတစ်ယောက်ပြောင်းလဲဖို့အတွက် ကောင်းကောင်းကြီးလုံလောက်ရဲ့ မဟုတ်လား။
![](https://img.wattpad.com/cover/288302089-288-k199783.jpg)
YOU ARE READING
Robot.85
Short StoryShot stories လေးတွေဒီမှာစုထားပါမယ် ကြီးမြတ်သောဝမ် ၊ စကားနားမထောင်သော ဝမ် ၊သွေးအေးသော ရက်စက်သော ဝမ် ၊သူ့ရဲ့ ရိုဘော့ဝမ် ။