Chapter 7 - သတ္တိရှိရင် နောက်တစ်ကြိမ်ထပ်တိုက်လိုက်

259 54 5
                                    

<Unicode>

လင်ယောင် နောက်မှန်ကိုမကြည့်ပဲ ကားကိုထွက်လာတဲ့အပြင် gas pedal ကိုနင်းလိုက်တဲ့အရှိန်ကလည်းနည်းနည်းများသွားတာကြောင့် ကားဟာအရှိန်ပြင်းပြင်းနဲ့ နောက်မှလာနေတဲ့ကားကို တိုက်မိချင်းပင်။

တကယ်ပဲ သူ့မေကျောကိုမှ !

လင်ယောင်တစ်ယောက် ယာဉ်မောင်းနေရာမှာထိုင်နေရာမှ မလှုပ်မိ။ ဒီတိုက်လိုက်တဲ့တစ်ချက်က သူ့အစာအိမ်ကို ပြောင်းပြန်လှန်သွားသည် ထင်ရလောက်အောင်ပင် အန်ချင်သလိုဖြစ်သွားရ၏။ မျက်နှာတစ်၀က်ကို ကားပြတင်းပေါက်ပေါ်တင်ကာ လျန်ကျွင်းကဆိုလာသည် :“ မင်းကို မမောင်းနဲ့ မမောင်းနဲ့ပါဆို ခုတော့တိုက်မိပြီ ခုတော့ကောင်းရောမလား သခင်‌လေး! ”

“ မင်းသွားလိုက်တော့ !” လင်ယောင်အနည်းငယ် ဒေါသထွက်ရ၏။ ပထမက အရူးကောင်က Heng Dao ကို အကောင့်ရောင်းလိုက်လို့၊ နောက်တော့ အရသာပြောင်းနေပြီဖြစ်တဲ့နွားနို့ကိုသောက်မိလို့ သူ့ရှေ့မှာမျက်လုံးတောင်မပေါ်အောင်ရီနေတာကိုမြင်‌ရလို့၊ နောက်ပြီးအရက်သောက်ပြီး စိတ်ဖြေမယ်လုပ်တော့လည်း ချီကျန်းနဲ့ထပ်တွေ့ပြန်တယ် ခုကျတော့လည်း ကားတိုက်မိတယ်တဲ့ !

ဒါဘယ်လိုတောင် ကံဆိုးမှုကြီးလဲ!

လင်ယောင် တွေးလေပိုဒေါသထွက်လေ ဖြစ်နေရ၏။ ကားတံခါးကိုဖွင့်ကာ အပြင်ဘက်ထွက်လာပြီး ခန္ဓာကိုယ်ကိုလှည့်၍ သူခဏနေကတိုက်မိတဲ့ကားကို‌ကြည့်ကာ အော်လိုက်သည် : “ ကားပါကင်မှာ ဘာလို့ကား‌မောင်းနေတာလဲကွ မင်းကိုယ်မင်းပျံနေတယ်များထင်နေလား! ”

“ လင်ယောင် ‌လင်ယောင် တော်တော့ မင်းကားထဲမှာပဲနေနေလိုက် အဲ့လူနဲ့ငါပြောလိုက်မယ် ” လျန်ကျွင်း သူ့ကိုအမြန်တားလိုက်ရ၏။ Xiao Xiali ရဲ့ဖင်လေးကတော့ သူများကားရဲ့မျက်နှာထိပ်မှာ ၊ မျက်ကန်းတောင်မှ ဘယ်သူကသယ်သူ့ကိုတိုက်လိုက်လဲဆိုတာ သိနိုင်တဲ့အနေအထား။ ပြီးတော့ ဒီတစ်ယောက်က အရက်ပါသောက်ထားသေးတာမို့ ဘယ်လိုပြောပြောအဓိပ္ပာယ်ရှိမယ်မထင်။

“ မင်းကဘာပြောမှာလဲ ” လင်ယောင် ကားတံခါး‌ပေါ်တွင်လှဲချလိုက်သည်။ မျက်လုံးတွေကလည်းရီဝေစပြုနေပြီမို့ ကြည့်လိုက်တဲ့အရာတိုင်းက အရိပ်နှစ်ခုပေါ်နေ၏။ ဟိုကားပေါ်ကလူကိုလည်း ဘာလုပ်နေတယ်ဆိုတာ သေချာမမြင်ရ၊ ဒီလောက်ဖြစ်နေတာတောင် သူကကားပေါ်ကဆင်းပြီး ပြသာနာကိုလာရှင်းချေမရ။

有种你再撞一下 「Bump again if you have the guts 」- Myanmar TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ