Chapter 8 - ရေစက်သည် ပင်လယ်ကဲ့သို့ နက်ရှိုင်း၏။

293 65 3
                                    

<Unicode>

“ကွေကာအုပ်တွေ မီးလောင်တော့မယ်” ဟုဆိုရင်း ကွမ်းကျယ် ခွက်လေးကိုင်ကာကော်ဖီထည့်ပြီးနောက် ခုထိသတိပြန်မလည်လာသေးတဲ့လူကိုတစ်ချက်ကြည့်ကာ Pantry ခန်းထဲမှ ထွက်လာခဲ့သည်။

ကျပ်မပြည့်အရူးကောင်?အဲ့နေ့က တကယ်ကို ရူးမိတာကြောင့် ကွမ်းကျယ်ရီလိုက်မိသည်။

သူအစကတော့ အဲ့ကလေးကို ကားရဲ့ အခြေအနေမေးမလို့ပဲ ဒါပေမယ့် ဒါကပဲအဲ့ကလေးကိုမျက်နှာမရဖြစ်စေမှာစိုးတာကြောင့် နောက်ဆုံးတော့လည်း မမေးမိ။

“ နင်ခဏနေက သူ့ကိုဘယ်လိုခေါ်လိုက်တာ?ခဏနေကလူလေ Director ကွမ်း” လင်ယောင်နောက်ဆုံးတော့ သတိပြန်ကပ်ကာ ဈေးကွက်ဌာနကကောင်မလေးကိုအလျင်အမြန်မေးခွန်းထုတ်နေမိ၏။

ကောင်မလေးက မျက်လုံးများ ကွေးသွားသည်ထိ ပြုံးကာ “အင်း ဈေးကွက်ဌာနကိုရောက်လာတဲ့ Director အသစ်လေ ကွမ်းကျယ်တဲ့ အရမ်းယောကျာ်းဆန်တယ်မလား? အိုင်း ခုမှပဲ ငါတို့ ဈေးကွက်ဌာနမှာ စိတ်လှုပ်ရှားစရာလေးရှိတော့တယ် အရင်ကမျက်နှာတွေက ရိုးအီနေပြီ ”

“သူက အသစ်ရောက်လာတဲ့ Director?” လင်ယောင် မျက်ဆံများ ပြူးထွက်ပြုတ်ကျမယ်လို့တောင် ထင်ရတာကြောင့် သူခွက်ကိုအမြန်ချကာ မျက်လုံးကိုသာ ပွတ်နေရ‌တော့သည်။

ကောင်မလေးက ဖျော်ပြီးသား ‌ကွေကာအုပ်ကိုမွှေရင်း “အထက်ကတော့ တရား၀င်အလုပ်ချပေးတာမရှိသေးတာကြောင့် ဒီနေ့ နည်းနည်းပါးပါးလာ လေ့လာတာ တရားဝင်ကတော့ နောက်လလောက်မှထင်တယ် အစ်မထန်ပြောတာတော့ အဲ့လူကို CEO ချုံးက မနဲ‌ခေါ်ထားရတာတဲ့နော် ”

ကျန်းရိဖေးက အပျင်းကြောဆွဲရင်း:“ အိုင်း ဒီ 3, 4 လလောက်လွတ်နေတဲ့ Director နေရာနောက်ဆုံးတော့လည်း ရသွားပြီပဲ ”

လင်ယောင် သက်ပြင်းချပြီး ခွက်ထဲက လက်ကျန်ကော်ဖီလေးကို အကုန်မော့ချရင်း “ငါနောက်‌ဆို ဈေးကွက်ဌာနကို သွားလို့မရတော့ဘူးပဲ”

“ဘာလို့လဲ”

“ငါခဏနေကပြောတဲ့ ကားချင်းတိုက်မိတဲ့သူဆိုတာလေ ဘယ်သူလဲသိလား?”

有种你再撞一下 「Bump again if you have the guts 」- Myanmar TranslationWhere stories live. Discover now