Unicode
At School
" ထယ့် "
" ဂျွန် "
" တစ်နေ့လုံးမျက်နှာလဲမကောင်းပါလား ဘာ တွေဖြစ်နေလဲ ထယ့် "
" အဖြစ်ပါဘူး ဂျွန်ရယ် ဒီအတိုင်းပါပဲ "
" ထယ့် အဆင်မပြေတာရှိလို့လား "
" ဟင့်အင်း "
ဂျွန် ထယ့် ပတ်ခ်ဂျီမင်နဲ့ စေ့စပ်လိုက်ပြီး
" ဘာတွေတွေးနေတာလဲ ထယ့်ရဲ့ ကိုယ့်ပြောတာကြားရဲ့လား "
" ဂျွန် ဘာပြောလိုက်တာလဲ ထယ့်သိပ်ပြီးတော့ မကြားလိုက်လို့"
" ကျောင်းပြီးတော့မယ်လေ ထယ့်ရဲ့ အဲ့အချိန်ကြရင် ထယ့်နဲ့ သိပ်တွေ့ရတော့မှာမဟုတ်ဘူး ကိုယ့်က ဖေဖေ Companyကိုဦးစီးရတော့မှာ "
" ဂျွန် "
" ဘာဖြစ်လို့လဲ ထယ့် "
" ဘာမှမဖြစ်ပါဘူး ဂျွန် ဂျွန်ကိုသိပ်ချစ်တာပဲလို့ "
" ကိုယ့်ကလဲ ထယ့်ကိုချစ်တယ် "
" ဂျွန် ထယ့်ကိုဘယ်တော့မှ မမုန်းပါနဲ့နော် "
" ဘာလို့မုန်းရမှာလဲ ထယ့်ကိုချစ်လို့တောင်မဝဘူး "
"အင်းပါ ဂျွန်ရယ် ဒါပေမဲ့ ကံကြမ္မာဆိုတာ ပြောလို့မရဘူးလေ တစ်နေ့ ဂျွန်က ထယ့်ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ "
" ပေါက်ကရတွေတွေးနေပြန်ပြီးလား ထယ့် ကိုယ့်ကိုကြည့် ကိုယ့်လေ ထယ့်ကို ဘယ်တော့မှ ဘာအကြောင်းနဲ့မှ မမုန်းဘူး "
" ဂျွန် ထယ့်ကိုဘာလို့ ချစ်တာလဲ "
" ထယ့်ကိုချစ်တာ အကြောင်းပြချက်မရှိဘူး ထယ့် ဖြစ်နေလို့ချစ်တာ ထယ့်ဖြစ်နေလို့မြတ်နိုးတာ ထယ့် ဖြစ်နေလို့ ပိုင်ဆိုင်ချင်တာ ကိုယ့်ကလေ ထယ့်ကိုပဲချစ်တာ ထယ့်ကို ကိုယ့်ရင်ထဲအသဲထဲကကိုလိုက်လှိုက်လှဲလှဲချစ်တာထယ့် နောက်ပြီး ထယ့်ကိုချစ်တဲ့ အချစ်က ဘာဂုဏ်ဒြပ်နဲ့ ဘာပကာသနာမှမပါတဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာအချစ်မျိုးနဲ့ ချစ်ခဲ့တာပါ ထယ့် "
" ယုံပါတယ် ဂျွန် ထယ့် ယုံပါတယ် "
" ဘာလို့ ငိုနေတာလဲ ထယ့် "
YOU ARE READING
𝑨𝑫𝑶𝑵𝑰𝑺
Acciónအချစ်ဆိုတာဖွင့်ဆိုလို့မရတဲ့ဒသနာတစ်ခု Jeon Jungkook × Kim Taehyung × Min Yoongi × Park Jimin 𝑺𝒕𝒂𝒓𝒕 𝑫𝒂𝒕𝒆 -13 . 10 . 2020 𝑬𝒏𝒅 𝑫𝒂𝒕𝒆 - 25 . 6 . 2022