"သား...မေမေ စိတ်ချမယ်နော်"
"သား...ဖေဖေ စိတ်ချမယ်နော်"
"သား...ရေချိုးရင်......"
"သား...ထမင်းစားရင်...."
"သား...ဆရာတွေစကားကို...."
". ......."စတဲ့စကားပေါင်းများစွာဆူညံနေတဲ့အလယ်မှာ ရိပေါ်ရောက်နေတာနာရီဝက်နီးပါးရှိနေပြီ
ဒါပေမဲ့ အဲ့ဒီစကားတွေကရိပေါ်ကိုပြောနေကြတာတော့မဟုတ်ပါဘူး
မိဘတွေကသူတို့ရဲ့သားတွေကိုစိတ်ပူပြီး မှာနေကြတာပါ
ရိပေါ်မေမေကတော့နေမကောင်းလို့ လော့ရန်မှာကျန်ခဲ့တယ်
ကဲ..အခုရောက်နေတဲ့နေရာက ဟုတ်ပါတယ်ကျောင်းပါလို့
ရဲတက္ကသိုလ်ကျောင်းပါ
ဘယ်မှာရှိလဲဆိုရင်တော့ဘေကျင်းမြို့မှာပေါ့
"ယခုရဲတက္ကသိုလ်ကျောင်းသို့တက်ရောက်ရန်ဝင်ခွင့်ဖြေဆိုကြမည့်ကျောင်းသားများအားလုံး ခန်းမဆောင်ရဲ့အရှေ့ဘက်ကိုလှည့်ပြီးညီညာစွာတန်းစီပေးကြပါ"
ကဲ.ကဲ.ကဲ.ခေါ်နေပြီ သွားတော့မယ်
"အားလုံး သတိ .. အလေးပြု.. သစ္စာကတိပြု...သက်သာ...."စတဲ့အမူအကျင့်တွေကနေ စည်းကမ်းချက်တွေ စာမေးပွဲအကြောင်းတွေ လူတွေ့အကြောင်းတွေ ကိုသုံးနာရီလုံးလုံးပြောပြီးတဲ့အချိန်မှာတော့
"မိဘတွေဘက်လှည့်ပြီး အလေးပြု မယ်"
"ဘယ်ဘက်လှည့် ပြီး တွေ့နေရတဲ့အပေါက်ကနေဝင်ပြီး ကိုယ့်ပစ္စည်းကိုယ်ယူမယ် ပြီးရင်သတ်မှတ်ပေးထားတဲ့အခန်းကအိပ်စင်နံပါတ်တွေကိုကြည့်ပြီးနေရာချမယ် ပြီးရင်လုပ်စရာရှိတာတွေကိုဆရာတွေကညွှန်ကြားပေးလိမ့်မယ် အိုကေလား"
"ဟုတ်ကဲ့ "
"ကဲ. ဒါဆိုသွားတော့"
ရောက်ပြီ...အခန်းနံပါတ်(11) အိပ်စင်နံပါတ်(2)တဲ့... တဲ့...တဲ့
ဘာလား ငါ့ကိုပြူးပြူးကြီးလာကြည့်နေတယ်"နိဟောင် ငါ့နာမည် ဝမ်ကျိုးချန်ပါ"
အော် လာမိတ်ဆက်တာပဲ
"အင်း ဝမ်ရိပေါ်"
"ဟမ် ဘာပြောတာ"
"နာမည်က ဝမ်ရိပေါ်လို့ "
YOU ARE READING
𝑀𝑖𝑑𝑛𝑖𝑔ℎ𝑡 𝐻𝑒𝑟𝑜𝑠𝑚
FanfictionXiao Zhan - ဂျပုကောင်ကချစ်စရာကြီး Wang Yibo - လန်ဘားကောင်ကိုအမြင်ကတ်တယ် both🌿 - ငါတို့ကတစ်သက်လုံးသူငယ်ချင်းတွေပဲ