"ဦးလေး ကြက်ဥလိပ်ပိုပေးအုံးလေ"
"မရဘူး တစ်ယောက်နှစ်ခုပဲ သွားတော့"
"ဒီလောက်သေးသေးလေးနှစ်ခုနဲ့ထမင်းဘယ်လိုစားမလဲဗျ"
"အရံဟင်းတွေနဲ့စား"
"ကပ်စေးနဲလိုက်တာ"
အဲ့လိုတို့တိတို့တဲ့ပြန်ပြောနေတာဘယ်သူလဲဆို ဝက်ရိပေါ် အဲလေ ဝမ်ရိပေါ်ပါ
ဟုတ်လည်းဟုတ်ပါတယ် ရိပေါ်ပြောရင်ပြောတယ်ဖြစ်အုံးမယ်
ကြက်ဥလိပ်ကကိုရီးယားမိတ် လက်နှစ်ဆစ်လောက်တောင်မရှိတဲ့ဟာကိုရိပေါ်ဗိုက်ဝအောင်ဘယ်လိုစားရမလဲ
ကဲပါ ရိပေါ်ကပဲ စိတ်လျှော့လိုက်မယ်
ဟင် သူက လန်ဘားကောင်ပဲ
"အဟမ်း.....ဟိုလေ ကြက်ဥလိပ်မစားဘူးလား"
"အင်း မစားဘူး"
"ဘာလို့မစားတာလဲ"
"ဒီကြက်ဥလိပ်ကရယ်ဒီမိတ်အစားအစာဖြစ်တဲ့အတွက်ကြက်ဥအစစ်ပါဝင်မှုကအရမ်းနဲတယ် ပြီးတော့ကယ်လိုရီတွေအများကြီးပါတယ် အဲ့ဒီ့ကယ်လိုရီတွေကခန္ဓာကိုယ်အထဲမှာ....."
"တစိတ်လောက် ကြက်ဥလိပ်မစားဘူးဆိုရင်လည်း ကျွန်တော်စားလိုက်မယ် "
"စားပါဗျာ"
"အွန်း"
ဒီလိုနဲ့ထမင်းစားပြီးအခန်းထဲရောက်လို့ဖင်ထိုင်ချရုံရှိသေးတယ်
❗❗❗(အချက်ပေးသံ)
ကွင်းထဲပြေးကြရတယ်
"ဒီနေ့ကမင်းတို့ရဲ့အရည်အချင်းစစ်တဲ့ပထမဆုံးနေ့ဖြစ်တယ် အခုပထမဆုံးအနေနဲ့ အနောက်တောင်ကြီးကိုတစ်ပတ်ပြေးရမယ် ဒါပေမဲ့ 3မိနစ်အတွင်းဒီစုရပ်နေရာကိုပြန်လာရမယ် ကဲ စပြီးနေရာယူမယ်"
"ဟုတ်ကဲ့"
"3မိနစ်စမှတ်ပြီ စထွက်"
ပြေးပါတယ် ပြေးပါတယ် တောင်တစ်ဝက်မရောက်သေးဘူး
ရိပေါ်မောပါတယ်လမ်းကျိုလမ်းကြားကဖြတ်ရင်ပိုမောပါတယ်
ဗုန်း💢
အေး ရိပေါ်ရဲ့ရှေ့ငါးယောက်ကျော်ကလဲပြီ သနားပါတယ် ကျွတ်ကျွတ်
YOU ARE READING
𝑀𝑖𝑑𝑛𝑖𝑔ℎ𝑡 𝐻𝑒𝑟𝑜𝑠𝑚
FanfictionXiao Zhan - ဂျပုကောင်ကချစ်စရာကြီး Wang Yibo - လန်ဘားကောင်ကိုအမြင်ကတ်တယ် both🌿 - ငါတို့ကတစ်သက်လုံးသူငယ်ချင်းတွေပဲ