💛အပိုင္း၃💛

562 24 0
                                    

အချစ်ဆုံးထက်ပိုသောသူငယ်ချင်း အပိုင်း၃
#peach
.................
အချိန်တွေကြာမြင့်လာခဲ့သဘို Gulfကလည်းစင်္ကာပူကနေပြန်မလာသေးပေ. ..
Mewကတော့သူ့ရဲ့မွေးစားအဖေဖြစ်တဲ့ဦးမာန်ရဲ့ပံ့ပိုးပေးမှုနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့Ceoအဖြစ်အောင်မြင်နေခဲ့ပီ..

ဒေါက်..ဒေါက်

"၀င်လာခဲ့ပါ"

"အော် Mildလာလေ"

MildဆိုတာMewတက္ကသိုလ်တက်တုန်းကခင်ခဲ့တဲ့ဒုတိယမြောက်သူငယ်ချင်းဖြစ်ပီး ခုအလုပ်ခွင်မှာလည်းMewရဲ့အတွင်းရေးမှူးနေရာတွင်ပဲ နေဖြစ်ခဲ့တယ်အနေအထိုင်သိုသိပ်တဲ့MildကMewကိုပဲအားကိုးမနေချင်ဘဲအချိန်ပိုင်းအလုပ်ပေါင်းများစွာလည်းကြိုးစားလုပ်တယ်

"အင်းMew လက်မှတ်ထိုးစရာလေးလာပေးတာပါ ဒါနဲ့မင်းတစ်ခုခုဖြစ်နေတာလား မျက်နှာမကောင်းဘူး"

"အော် ဘာမှမဟုတ်ပါဘူးငါသူငယ်ချင်းတစ်ယောက်ကိုလွမ်းနေမိလို့ပါ"

"အေးပါ သိပ်လည်းမလွမ်းနဲ့အုံး ကျန်းမာရေးထိခိုက်မယ်"

"အင်း"

Mildထွက်သွားနဲ့Mewလည်းထိုင်ခုံပေါ်လှန်ချလိုက်ပီး စားပွဲပေါ်ကသတင်းစာတစ်ခုကို ယူဖတ်လိုက်မိတယ် သတင်းထဲမှာပါလာတဲ့သူလွမ်းနေရသူလေး မပြုံးမရယ်မျက်နှာတည်နဲ့

*Modelတစ်ဦးဖြစ်တဲ့GulfKanawutဟာ Dreamကုမ္ပဏီရဲ့ဆက်ခံသူ ဒေါက်တာLhongနဲ့တွဲနေတယ်ဆိုတဲ့သတင်း*

What..ဒါက..Gulf..
နှုတ်မှဖြည်းညင်းစွာထွက်လာတဲ့ ချစ်ရသူရဲ့နာမည်လေးနဲ့ အလိုက်မသိကျလာတဲ့မျက်ရည်ပေါက်လေးတစ်စက်

"မင်း..မင်းကငါ့ကိုမမြင်ခဲ့ဘူးပဲ မင်းကငါ့ရဲ့ပေးဆပ်ခြင်းတွေအနစ်နာခံမှာတွေနဲ့မတန်ခဲ့ဘူးပဲ မင်းငါ့ကိုလိမ်တယ် မင်း...ဟာကွာ တောက်စ်"

"Hello!Mild "

"အေ့..ဘာလို့လဲငါလာခဲ့ရမလားရုံးခန်းကို"

"မလာနဲ့တော့ ငါပြောမယ် Model GulfKanawutကိုငါတို့ကုမ္ပဏီနဲ့ကြော်ငြာရိုက်ဖို့ပြင်ဆင်ပေး"

"ဟေ အေးအေး"

~ပြန်တွေ့ကြတာပေါ့Gulf~

တီ..တီ...တီ..
"ဟာ ကျစ်အိပ်နေတာကိုဘယ်သူလဲကွာ Hello"

"အချစ်ဆုံးထက်ပိုသောသူငယ်ချင်း"[Completed]Where stories live. Discover now