ဝိညာဉ်နှုတ်တဲ့ မဖဲဝါ(စ/ဆုံး)
ဒီနေ့တော့ ယာထဲကို အဘမဆင်းနိုင်ဘူးဗျ ။
ကျုပ် တစ်ယောက်တည်း ယာထွန်နေတာ။
မနက် ဝေလီဝေလင်းကတည်းက ကျုပ်
ယာထွန်လိုက်တာ ဘန့်ဘွေးပင်အခင်းကြီး
ပြီးကာနီးပြီဗျ။ နွားတွေလည်း ပန်းလာသလို
ကျုပ်လည်း တော်တော်ပန်းလာပြီဗျို့။တစ်
မနက်လုံး မနားတမ်း ထွန်နေတာလေဗျာ။"တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ"
ဟော ပုဗ္ဗာရုံကျောင်းကတောင် ဆွမ်းစားဖို့
တုံးခေါက်နေပြီဗျာ ။ ကျုပ်လည်း နွားတွေကို
ထွန်တုံးကနေ ဖြုတ်လိုက်တယ်။ အရိပ်ကောင်း
တဲ့ ဘန့်ဘွေးပင်ကြီးအောက်မှာ နွားတွေကို
ချည်ထားလိုက်တယ်ဗျ ။ လှည်းပေါ်မှာ ပါ
လာတဲ့ ပြောင်းရိုးအိတ်ထဲက ပြောင်းရိုးတွေ
ကို ကျွေးလိုက်တယ်။ မလှမ်းမကမ်းက
ဘန့်ဘွေးပင်ကြီးတစ်ပင်အောက်မှာ ထိုင်ပြီး
ထမင်းစားဖို့ ထမင်းတောင်းလေးကို
လှပ်လိုက်တယ်။"ကိုကြီးတာတေ၊ ထမင်းစားတော့မှာလားဗျ"
"ဟကောင်တွေ၊ ကျောက်ခဲနဲ့ သံမဏိပါလား၊
မင်းတို့ ဘယ်သွားမလို့တုံး""ဘယ်မှာမသွားဘူးဗျ။ ကိုကြီးတာတေ တစ်
ယောက်တည်း ယာထွန်နေတယ်လို့ လိုက်
လာကြတာ""ဟေ…မင်းတို့ ငါ့အိမ်ကို ရောက်သွားကြလို့လား"
"ရောက်သွားတာပေါ့ ကိုကြီးတာတေရ၊
ညက အိပ်မက်အကြောင်း မေးချင်လို့ဗျ""ဘာ အိပ်မက် ဟုတ်လား ၊ ကျောက်ခဲ"
ဒီကောင်နှစ်ကောင် ကျုပ်ထမင်းစားနေတဲ့
ဘေးမှာ ဝင်ထိုင်လိုက်ကြရောဗျို့။"အရီးက ဘာဟင်းကောင်း ချက်ပေးလိုက်တုံး
ကိုကြီးတာတေ""မကောင်းပါဘူးကွာ၊ ခြံစည်းရိုးဟင်းပါပဲ။
ပြီးတော့ ပဲကြီးလေး နှပ်ပေးလိုက်တယ်
မင်းတို့ရော ထမင်းစားခဲ့ပြီးပြီလား ""ကျုပ်တို့က စားပြီးမှ ကိုကြီးတာတေတို့အိမ်ကို
သွားကြတာဗျ ။ ဟိုရောက်တော့ ဘိုးဉာဏ်က
ပြောလို့ ဘန့်ဘွေးပင်အခင်းမှာ ကိုကြီးတာတေ
ယာထွန်လို့ ရှိတယ်ဆိုတာနဲ့ ကျုပ်တို့နှစ်ယောက်
လိုက်ချလာတာဗျ"

YOU ARE READING
ဝိညာဥ္ႏႈတ္တဲ့ မဖဲဝါ (အစအဆုံး) / ဝိညာဉ်နှုတ်တဲ့ မဖဲဝါ (အစအဆုံး)
TerrorThis is not my own story