သာယာသောမနက်ခင်းတစ်ခုဖြစ်သော်ငြားလည်း Nishimuraဆိုတဲ့ ကောင်လေးအတွက်တော့ ဒီနေ့လည်း မနေ့ကလိုမထူးမခြားနားသည့် ပုံမှန်မနက်ခင်းမျိုးပါပဲ။
အရာရာဟာ သံပတ်ပေးထားသလို လည်ပတ်နေဦးမည်။
အသိစိတ်ဆိုသည့် အရာနှင့်ကင်းဝေးခဲ့တာ နှစ်ပေါက်နေခဲ့ပြီမို့ ဒီတစ်နေ့ကုန်သွားတဲ့အခါလည်း Nishimuraဟာ မနေ့ကအတိုင်း တထေရာတည်း တည်ရှိနေပါလိမ့်မည်။လိုက်ကာ ဖြူလွှလွှကနေ မှိန်ပြပြကျရောက်နေသော နေအစက်အပြောက်တချို့ဟာ အိပ်ရာထက်က မျက်နှာဖြူနုနုလေးပေါ်ကို နေရာမလပ် ကျရောက်နေသည်။
မပူသော်လည်း နွေးသော အတွေ့ကိုခံစားရသည်။
မနက်မိုးစင်စင်လင်းနေပြန်ပြီ။
နောက်တစ်နေ့ကူးတာ မြန်ပါဘိ။အိပ်ရာထက်က ကောင်လေးဟာ အနည်းငယ်လူးလွန့်လာပြီး မျက်တောင်မွှေးလေးတွေအား ပွတ်သပ်နေသည်။
ထို့နောက် အိပ်ရာထက်တွင် ထထိုင်လိုက်သည်။
နဖူးပြင်မှတဆင့် မျက်လုံးမို့မို့လေးတွေထိ လှိုင်းသဖွယ် ကောက်ကောက်လေးတွေ အသွင် ကျဆင်းနေသော ခရမ်းဖျော့ရောင် ဆံနွယ်တွေကို စိတ်ရှုပ်ဖွယ် လှန်တင်လိုက်သည်။ထိုစဉ် မနက်ခင်းတိုင်း ကြားနေကျ တံခါးခေါက်သံ 4ချက်နှင့်အတူ ထိုလူရဲ့အသံသည် တံခါးတစ်ဖက်ခြမ်းကနေ ကြားရသည်။
'ဒေါက် ဒေါက် ဒေါက် ဒေါက်'
"Nishi နိုးပြီဆို ကိုယ့်ကိုတံခါးလာဖွင့်ပေးပါဦး"
အခန်းထဲကကောင်လေးသည် တံခါးလော့ချ၍ အိပ်တတ်သည်မှာ လအတန်ကြာခဲ့ပြီဖြစ်သည်။
လအတန်ကြာ?။
ဟုတ်ပါသည်။
ယခင်က ထိုအကျင့်မရှိသော်လည်း အခြေအနေတစ်ရပ်ကြောင့် ဤသို့ဖြစ်သွားရသည်။သော့အပိုရှိပေမယ့် Lee Hee Seung တစ်ခါမျှ မသုံးခဲ့ချေ။
ကောင်လေးကို များများလှုပ်ရှားစေချင်သည့်အတွက်ကြောင့် ခုလို တကူးတက ပြော၍ ဖွင့်ခိုင်းခြင်းသာဖြစ်သည်။
လေပြေအေးနှင့် ပြောသည့်စကားလုံးတိုင်းကို Nishiက ကောင်းကောင်းနားထောင်တတ်သည်။တစ်ယောက်ယောက်က သူ့ရှေ့မှာ ဒေါသကြီးနေပါက အထူးသဖြင့် ထိုဒေါသ၏ ဦးတည်ရာက သူဖြစ်နေပါက ပြုံးခြင်းရယ်ခြင်း အလျှင်းမရှိသည့် ထိုမျက်နှာနုနုတွင် မျက်ရည်စီးကြောင်းကို တွေ့မြင်ရတတ်သည်။

YOU ARE READING
//ADORABLE//
Fanfiction"ကိုယ်နဲ့ပက်သတ်ပြီး မင်းဘာမှမမှတ်မိနိုင်တော့ရင်တောင် နာမည်လေးတော့ မှတ်ထားပေးမလားငယ်"