episode-1-

368 46 2
                                    

ပြေပြေလေးကောက်နေသော ဆံနွယ်လေးတွေဟာလည်း ပိုင်ရှင်ကဲ့သို့နုနုနယ်နယ်။

Hee Seungရဲ့ ခြေတံရှည်ရှည်တွေကို တဖက်တချက်စီ အနေအထားဖြင့်ထားပြီး Nishimuraက ဒူးကိုလက်နှစ်ဖက်နှင့်ပိုက်၍ ငုတ်တုတ်လေးထိုင်နေသည်။

ပုံမှန်ထက်နိမ့်သော တစ်ယောက်အိပ်ခုတင်ပေါ်တွင် Hee Seungကခြေထောက်နှစ်ဖက်အောက်ချ၍ထိုင်နေပြီး Nishimuraက ခုတင်အောက်တွင် ထိုင်နေသည်။

ဒီဆံနွယ်တွေအရောင်ပြောင်းနေခြင်းက Nishimuraရဲ့ မှတ်ဉာဏ်တချို့ကို ပြန်ရစေလိုသည့် ရည်ရွယ်ချက်ဖြင့် Hee Seungကိုယ်တိုင် ဆိုးပေးထားခြင်းဖြစ်သည်။

ဆိုးပေးပြီး တစ်လခွဲကြာသည်အထိ နဂိုအတိုင်းသာဖြစ်နေသော ကလေးငယ်ကိုကြည့်ပြီး သက်ပြင်းခိုးချမိသည်။

ကြိုးစားလာသည်မှာ 2နှစ်ဆိုသော ကာလကိုပဲ တင်းတင်းပြည့်တော့မည်။

ယခင်လို တိတ်တဆိတ် မျက်ရည်မကျတော့သည်ကလွဲလို့ ကျန်တာ မပြောင်းလဲသေးပါ။

နောက်ပြီး ဒီလထဲ စကားအနည်းငယ် ပြန်ပြောလာသည်။
ပြောသည့်စကားများထဲတွင်လည်း မေးတာကို ပြန်ဖြေသည်သာရှိသည်။
သူ့ဘက်ကစပြောချင်လာတာမျိုးတော့ မရှိသေးပါ။

5မိနစ်ကို အနည်းငယ်စွန်းတော့ ဆံစလေးတွေဟာ ခပ်နွေးနွေးအနေအထားကနေ ဖောင်းဖောင်းလေးဖြစ်လာကာ ခြောက်သွေ့လာပါတော့သည်။

"ကဲ ပြီးပြီ အောက်ဆင်းရအောင် လာ"

Dryerကို အံဆွဲထဲထည့်သိမ်းပြီးသည်နှင့် ငုတ်တုတ်အနေအထားကနေ မပြောင်းလဲသေးသော Nishimuraဆီ Hee Seungလက်ကမ်းပေး၍ အောက်ဆင်းဖို့ သတိပေးသည်။

ခေါင်းအသာငြိမ့်ပြီး သူ့လက်ကို ပြန်လည်ဆုပ်ထွေးလိုက်သည်မှာ လမ်းပျောက်မည်ဆိုးသောကြောင့် မိခင်လက်ကိုမြဲအောင် ဆုပ်ထားသည့် ကလေးလို ခပ်တင်းတင်း။

Hee Seung နှုတ်ခမ်းတို့တွန့်ကွေးကာ လှေကားဆီသို့ Nishimura၏လက်‌သေးသေးကို တွဲ၍ မနက်စာစားရန် အိမ်အောက်ဆင်းလာတော့သည်။

"Nishi ကုန်အောင်စားမယ်နော်~ ညက ထမင်းမစားဘဲအိပ်သွားတာ..မနက်စာကိုကုန်အောင်စားရမယ်"

//ADORABLE//Where stories live. Discover now