တိတ်ဆိတ်ငြိမ်သက်တဲ့ ဘုရားကျောင်းလည်းမဟုတ်..
ခမ်းနားကြီးကျယ်တဲ့ Hotelခန်းမလည်း မဟုတ်...
ပင်လယ်ရေပြာပြာပေါ် အားမနာတမ်း ဖိနှိပ်ခုတ်မောင်းနေသော နှစ်ထပ် သင်္ဘောငယ်~
အရွယ်အစားအားဖြင့်မကြီးလှသော်လည်း အပျော်စီးသင်္ဘောမို့ လူတင်ရင် အယောက် 50လောက်တော့ ကောင်းကောင်းဆန့်သည်..။
ရေလယ်ခေါင်တွင် ကျောက်ဆူးကြိုးချ၍ ရီဝေနေသော ညနေခင်း၏ အလင်းရောင်မှာ မှိန်ဖြဖြသာကျန်သည်..။
တဖြည်းဖြည်းပင်လယ်ထဲသို့ နစ်ဝင်သယောင် ပုံပေါ်နေသော နေမင်းကြီးကို တဝက်လောက် မြင်နေရသေးသည်..။
နွေဦး၏ နေဝင်ချိန်က ညနေ၆နာရီသို့ ညွှန်ပြသည်..။
သင်္ဘောတစ်စီးလုံး ဝါကြန့်ကြန့် မီးရောင်တို့ဖြင့် ရေလယ်ခေါင်တွင် အလင်းဖြာနေလေသည်..။
ထိုအလင်းထက် အပေါ်ထပ် သင်္ဘောဦးချွန်တွင် ပင်လယ်ဘက်ကို မျှော်ကြည့်နေသော Lee Hee Seungဆိုသည့်လူသားက ပို၍ ပို၍ တောက်ပနေဟန်ရှိသည်..။"လေတိုက်လား ဒီနားက"
လေပြေအေးလေးဖြင့် မေးပြီးသည်နှင့် နောက်ဘက်ကနေ အသာသိုင်းဖက်၍ မေးစေ့အား Hee Seung ပုခုံးပေါ်တင်ကာ နှုတ်ခမ်းဖျားတို့က လည်တိုင်ဆီသို့ ဦးလှည့်လေတော့..
တွန့်ခနဲ တစ်ချက်ဖြစ်သွားသည့်Hee Seungက Nishimuraရဲ့လက်သွယ်သွယ်ကို အုပ်မိုးကိုင်ကာ ခေါင်းငြိမ့်ပြသည်..။
"ပြောစရာရှိတယ်ဆို ! ဘာပြောမလို့လဲ"
မပြောင်းလဲသော ကိုယ်အနေအထားအတိုင်း Hee Seungစကားစလိုက်သည်..။
"ပြောမယ် အရေးကြီးတာမို့ ကိုကိုသေချာနားထောင်နော်"
Nishimura၏စကားအဆုံးတွင် Hee Seungက Nishiနှင့် မျက်နှာချင်းဆိုင်အနေအထားသို့ ပြောင်းလိုက်သည်..။
မျက်နှာချင်းဆိုင်ဖြစ်သွားလေတော့ Nishimuraက မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဆင်မြန်းကာ Hee Seungလက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့် နူးနူးညံ့ညံ့လေး ဆုပ်ကိုင်ထားသည်..။"ကိုကို~"
"ကျွန်တော့်ကို လက်ထပ်နိုင်မလား"
YOU ARE READING
//ADORABLE//
Fanfiction"ကိုယ်နဲ့ပက်သတ်ပြီး မင်းဘာမှမမှတ်မိနိုင်တော့ရင်တောင် နာမည်လေးတော့ မှတ်ထားပေးမလားငယ်"