အနှောင်အဖွဲ့

1.2K 58 0
                                    

"မောင်နဲ့ ထယ်က ဘာမှ မသက်ဆိုင်တော့ဘူးလား...."
"ထယ်ကိုယ်တို့က လွတ်လပ်သူတွေမဟုတ်ဘူး သက်ဆိုင်သူတွေရှိပြီးသား..."
"ဒါဆို မောင်က ထယ်ကို မချစ်ခဲ့ဖူးလားဟင်"
"ချစ်တာပေါ့ ထယ်ရယ် ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်က ဘာလိုမှ မဖြစ်နိုင်တော့ဘူး"
"ထယ်ဘက်ကိုရော မောင် စာနာဖူးလားဟင်"
"မောင်ကိုချစ်လွန်းလို့ ဘောင်တွေစည်းတွေခြားထားတဲ့ကြားက မောင်ကိုချစ်ခဲ့ရတာ"
"ဒီတိုင်းလေး ဖြစ်ဖြစ် ဆက်သွားလို့ မရဘူးလားဟင်"
"ထယ်တောင်းဆိုပါတယ် ထယ်တို့နှစ်ယောက် တွဲနေတာကို တရားဝင်ချမပြချင်လည်းရပါတယ် မောင်ရယ် ထယ်လေ ထယ် မောင်ရဲ့ လင်ငယ်အဖြစ်နေရမယ်ဆိုရင်လည်း ကျေကျေနပ်နပ်လက်ခံမှာပါမောင်ရယ်"

"ထယ်ကို သနားပါ မောင်ရယ် မောင်မရှိရင်မဖြစ်ဘူး"

ထယ်ယောင်း ဂျောင်ကုရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး ခေါင်းစိုက်ငိုနေမိတယ်....

"ထယ် ခေါင်းမမာနဲ့ ကိုယ်တို့အခြေနေက မဖြစ်နိုင်ပဲ မင်းလည်းသိရဲ့သားနဲ့"

"မောင်က မောင်ရဲ့မိန်းမကိုပဲရွေးမယ်ပေါ့ ထယ်ကိုကော မရွေးချယ်ဘူးလား မရွေးချယ်တာလား အစတည်းက အရွေးခံတဲ့အထဲ မပါဝင်ခဲ့တာလား"

"ပြောလေမောင် ပြောစမ်းပါ ထယ်ကိုအစတည်းက အပျော်သက်သက် ကြံခဲ့တာလား"

"အေးဟုတ်တယ် မင်းကိုအစတည်းက မချစ်ခဲ့ဘူး အပျော်ကြံခဲ့တာ မင်းရဲ့ အလှမှာ ငါနစ်မြောသွားတာ ကင်မ်ထယ်ယောင်း မင်းကိုငါ ချစ်လို့မဟုတ်ဘူးမင်းရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ချင်ခဲ့တာ"

"မင်းသွားလိုက်တော့ ဂျောင်ကု မင်းကိုနောက်ထပ်ထပ်မတွေ့ချင်တော့ဘူး မင်းနောင်တမရပါစေလို့ပဲ ငါဆုတောင်းပေးတယ်"

ဂျောင်ကု ထွက်လာလိုက်ပြီး အိမ်ရှေ့ရောက်တော့ သူတို့နှစ်ယောက် အတူတူပျော်ရွှင်ခဲ့ရတဲ့ ခရမ်းရောင် တိုက်ပုလေးကိုတစ်ချက်ကြည့်ပြီးထယ်အတွက် အန္တရာယ်‌ကင်းအောင်ပါထယ်ရယ် ကိုယ်မပြောချင်ဆုံး စကားတွေကိုထယ်ကိုပြောမိခဲ့တာပါ ကိုယ့်က်ုခွင့်မလွှတ်ပါနဲ့ လီဟန်နာရန်က လွှတ်အောင် ကိုယ်ကာကွယ်ပေးခဲ့ပြီကလေးငယ် ကိုယ်ရင်နာနာနဲ့ပေါ့

ဂျောင်ကုကားထွက်ခွာသွားတာကိုထယ်ယောင်းမြင်လိုက်တော့...

"နောက်ဆုံးထိ မင်းမိန်းမလီဟန်နာရွေးချယ်သွားတာပဲ မင်းပျော်ရွှင်ပါစေ ငါနဲ့မင်းရဲ့လူလားမ‌ေမြှာက်သေးတဲ့ ကလေးငယ်ရယ် မရှိတဲ့ဒီဘဝကြီးထဲမှာပေါ့"

"ဝဠ်ကြွေးရှိသမျှ ဒီဘဝမှာပဲအကုန်ကျေချင်တယ် နောင်ဘဝမှာ မင်းကို ထပ်မချစ်ချင်တော့ဘူးဂျောင်ကု"

ရေချိုးခန်းထဲ လက်မှာပြတ်ရှရာတစ်ခုနဲ့ သေဆုံးနေတဲ့ကောင်လေးတစ်ယောက်နဲ့ကားမောင်းနေတဲ့ကောင်လေးတစ်ယောက်ကတော့ ကံကြမ္မာရဲ့လှည့်စားချက်အရ သေခွဲခွဲရလိုက်တယ်....

အဟင့်အဆင်ပြေရဲ့လားဟင်🤧
အရေးအသားတွေကလည်းစုတ်ပြတ်သတ်နေတာပဲ
တင်ချင်ဇောနဲ့စာလုံးပေါင်းပြန်စစ်မထားဘူးနော်🧘

အဟင့်အဆင်ပြေရဲ့လားဟင်🤧အရေးအသားတွေကလည်းစုတ်ပြတ်သတ်နေတာပဲတင်ချင်ဇောနဲ့စာလုံးပေါင်းပြန်စစ်မထားဘူးနော်🧘

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Strawberry(short story)Where stories live. Discover now