Oxygen part-29
"jimin jungkookလာနေပီ"
taehyungရဲ့သင်တန်းနဲ့တိုက်ခန်းတွဲထားသည့်အိမ်သည် တော်တော်အဆင်ပြေသည်။သင်တန်းနားချိန်တို့ဆို အခန်းထဲဝင်နှပ်နေရုံပင် ဒီနေ့လည်းjungkookကလာမကြိုသေးသဖြင့် taehyungနဲ့hoeseok hyung တို့၏ ချစ်အိပ်ယာလေးပေါ်မှာ gameထိုင်ဆော့နေလိုက်သည်။
"အော် ဟုတ်လား အထဲဝင်မလာဘဲနဲ့"
"မင်းလင်ကလည်းကြောင်တောင်တောင်ရယ် ငါ့ဖုန်းကိုလာဆက်သတဲ့"
"အမယ် kim taehyungရယ် မင်းအကြောင်းမသိတာကျလို့ မျှော်နေတဲ့သူကမလာသေးလို့မလား"
"မင်းလိုပဲပေါ့ jeon jiminကြီးရယ်"
taeသည်လျှာထုတ်ပြောင်ပြသွားသည်။ အပြင်ရောက်မှ တွေ့ပါပီ ကားပေါ်မှာမိန့်မိန့်ကြီး
"မောင် ငါ့ဖုန်းကိုဘာလို့မခေါ်တာလဲ"
" hoeseok hyungက သွားစရာရှိလို့taehyungကိုပြောခိုင်းတာ သူ့ဖုန်းကbatteryကုန်လို့တဲ့ အဲ့ဒါပြောရင်းနဲ့ တစ်ခါတည်းမှာလိုက်တာ"
"အော်"
"မောင်တို့အိမ်ပဲပြန်ကြမှာလား"
"ဘယ်သွားချင်လို့လဲ"
"ထမင်းကလည်းအိမ်ရောက်မှစားမှာဆိုတော့ coffeeပဲသောက်ကြရအောင်"
"ဒီနေ့အတွက်ကော်ဖီတွေများနေပီ"
"hyung ကလည်း"
"ကဲပါ မျက်လုံးဝိုင်းကြီးနဲ့ ကြည့်မနေနဲ့ စကားပြောချင်တာမလား လေကောင်းလေသန့်ရတဲ့နေရာမှာရပ်လိုက်"
"ဟုတ်ကဲ့"
jiminသည် မျက်လုံးများကို မှေးကျဥ်းကာ စူးစမ်းသည်။ ပြောရတာတော့အားနာပါတယ် jeon jungkookသည် အဲ့လောက် ယဥ်ကျေးတဲ့သူမဟုတ်...။ရွှင်ရွှင်မြူးမြူးနဲ့ ကောင်လေးသည် တော်တော်ပျော်နေတဲ့ပုံ...
convenience storeရှေ့မှ ထိုင်ခုံပေါ်တွင် ခေါက်ဆွဲပြုတ်ဗူးကိုယ်စီဖြင့်
"ညစာစားတော့မယ့်ဟာကို"
"မောင်တို့စတွဲတုန်းက အမြဲတမ်းလိုလို ခေါက်ဆွဲစားရင်း ဒိတ်ခဲ့ကြတာလေ"
"မင်းက အစားလောက်ပဲ အာရုံရှိနေတာလေ ငါတောင်မယှဥ်နိုင်ဘူး ဘာတဲ့...ငါ့ကိုတောင် ခေါက်ဆွဲပြုတ်စားနေတဲ့ ပေတူးတူးကောင်လေးကို ချစ်မိသွားတာဆိုပဲ"
YOU ARE READING
Oxygen(completed)
Fanfictionintro jimin-မျက်ရည်တေသာစမ်းချောင်းလေးတေဖြစ်ရင်ပင်လယ်ကြီးကိုhyungပိုင်တော့မယ်မောင်••• jungkook-အဖုအထစ်လေးတေကနေချောက်နက်ကြီးဖြစ်နေတာရောhyungမသိရကောင်းလား!ဒါဆိုမောင်လည်းအမည်မခံဝံ့တဲ့နစ်နာသူပါhyung••• (ဖတ်ကြမလား?comမှာရေးခဲ့နော် ပထမဆုံးficလေးဆိုတော့ဝေဖန...