Oxygen-final
Jeon chim chim...! လာခဲ့စမ်း နင်နဲ့ငါမပြီးသေးဘူး...! "
"daddyကလည်း chimလေးကိုတစ်လမ်းလုံးဆူတယ် ထပ်မဆူနဲ့တော့ ဦးနှောက်က limitပြည့်သွားပြီ"
နားထင်ကို လက်ညိုးလေးထောက်ကာ နှုတ်ခမ်းဆူထားသော အမူအရာသည် လူကြိးသိပ်လုပ်ချင်သော chimလေးပင်ဖြစ်သည်။ daddyဆီမှလွတ်အောင် လှေကားပေါ်ပြေးတက်သွားသော ကလေးငယ်သည် ကျောင်းမှာဘာလုပ်ခဲ့သလဲမသိ။ ကျောင်းသွားကြိုသည့် daddy jeonတို့ကတော့ အောက်ထပ်မှာ သွေးတက်နေချေပြီ။
"မောင် ဘာဖြစ်လာတာလဲ"
လှေကားတွေအတိုင်းဆင်းလာသော ကလေးအဖေလေးသည် သူ့သမီး၏ တစ်ဖက်သတ်တိုင်ကြားချက်တွေကြောင့် မျက်ခုံးတန်းတို့တွန့်ချိုးထားသည်။ လိုက်လည်းလိုက်တဲ့သားအဖတွေ။
"hyungသမီး ဘာတွေချွန်လိုက်ပြန်ပြီလဲ"
"ပြွတ်...ဘာမှမချွန်ပါဘူးဗျာ daddyကို သူ့ကိုယ်စားချော့ပေးဖို့ပဲပြောတာ"
ပါးပြင်ပေါ်က အမာရွတ်လေးကို ခပ်ကြမ်းကြမ်းတစ်ချက်အနမ်းပေးလိုက်သောအခါ daddy jeonဟာ လူစားလဲလိုက်သလို...
လှေကားထစ်တွေပေါ်က ချောင်းကြည့်နေတဲ့ chimလေးကတော့ 'သိသားပဲ' ဆိုသည့်အထာနဲ့ အခန်းထဲပြန်သွားလေပြီ။ ဒီလောက်ဆို အခြေအနေမဆိုးဘူးဆိုတာ သေချာသည်။ appaသည် ယောက်ျားအချော့အရမ်းပိုင်ပါသည်။ မဟုတ်ဘူး...daddyကိုက လွယ်လွန်းအားကြီးတာလို့ပြောရင် ပြန်ဖြေလိမ့်ဦးမည်။ 'ချစ်တာကိုး' ဆိုပြီး တစ်လောကလုံးကိုနှိမ်ချပစ်လိုက်သည်။
"ထိုင်... ပြောပါဦး "
ဆိုဖာပေါ်ထိုင်ခိုင်းသူသည် ဒီနေ့ကောဘာဖြစ်ပြန်ပြီလဲဟူသည့်သဘော...
ကျောင်းပြန် အမြဲမတည့်သူနှစ်ဦးသည် တစ်ပတ်မှာ၂ရက်လောက်က ဆူပုတ်၍ ပြန်လာတတ်သည်။ ရေခဲမုန့်ဝယ်မကျွေးပဲ ခရင်မပါသောကိတ်မုန့်အလွတ်သာကျွေးသောdaddyကို chimစိတ်ဆိုးသောရက်ရှိသလို စတော်ဘယ်ရီကိတ်ကို အခွံအရင်ဖောက်ကာ ပိုက်ဆံရှင်းခိုင်းသော chimလေးလူလည်ကျသောနေ့တွင် daddyကြီးဟာ အသည်းတယားယား။ သေးသေးလေးကအစ ပြဿနာလုပ်တတ်သော သားအဖသည် ပြန်ရောက်ရင် ဦးသူတိုင်ပဲ....
YOU ARE READING
Oxygen(completed)
Fanfictionintro jimin-မျက်ရည်တေသာစမ်းချောင်းလေးတေဖြစ်ရင်ပင်လယ်ကြီးကိုhyungပိုင်တော့မယ်မောင်••• jungkook-အဖုအထစ်လေးတေကနေချောက်နက်ကြီးဖြစ်နေတာရောhyungမသိရကောင်းလား!ဒါဆိုမောင်လည်းအမည်မခံဝံ့တဲ့နစ်နာသူပါhyung••• (ဖတ်ကြမလား?comမှာရေးခဲ့နော် ပထမဆုံးficလေးဆိုတော့ဝေဖန...