Chapter-30

2.1K 183 13
                                    

နောက်နေ့မနက်ရောက်တော့ Jen ကအရင်နိုးလာတယ်။ ကြည့်လိုက်တော့ jisoo နဲ့ Lisa ကစားပွဲပေါ်မှာ‌မှောက်အိပ်နေတယ်။ Chae တစ်ယောက်ကတော့ဟိုဖက်မှာအိပ်နေတာခြေကားယားလက်ကားယားနဲ့။

" အား ကျွတ်စ် ကျွတ်စ် ငါတို့ညကဒီမှာအိပ်တာလား "
ညကဘယ်လိုဖြစ်တာလဲစဉ်းစားနေတာမရ။

" အား မသိတော့ဘူးကွာ ကျစ် ခေါင်းကိုက်လိုက်တာ "
Jen လည်းကျန်တဲ့သူတေကိုနှိုးလိုက်တော့တယ်။

" မောင် jisoo Chae ထတော့မနက်ရောက်နေပြီ "

" အင်းး ဟင်အားး "
Lisa က‌တော့ထပြီးအကြောဆန့်နေတယ်။

" မ နိုးပြီလား "

" အင်း မောင် ဒါဘယ်လိုဖြစ်ကြတာလဲ "

" အာအဲ့တာ မ တို့ကြောင့်လေ "

" မ နဲ့ဘာဆိုင်လို့လဲ ဟွန့် သူတို့ဘာသာအိပ်နေပြီး ခုထလို့ခေါင်းတေကိုက်နေပြီ "
Lisa လည်းထပြီး Jen ကိုထိန်းလိုက်ကာ။

" ရလား မ ခနလေးသူတို့ကိုနှိုးလိုက်အုံးမယ် ယျောင့် jisoo အစ်မ ထတော့ ထတော့ "
အဲ့တော့ jisoo တို့လည်းအတင်းကုန်းထကာမျက်လုံးတေပွတ်ပြီး။

" ဝှါးး အာဘာတုန်းအစောကြီးရှိသေးတယ် "

" ဘာအစောကြီးလဲ အိမ်ပြန်ရမယ် "

" အော် အေး အေး "
Chae ကတော့ထသာထနေတာမျက်လုံးကမပွင့်သေး။

" ချစ် လာသွားရအောင် "

" အာ မရဘူးကွာ ကို ခေါ် "

" ချွဲနေလိုက်တာ‌ဗျာ ခေါ်ရမှာပေါ့ "
Jisoo လည်း Chae ကိုပွေ့ချီလိုက်ပြီး။

" Lisa ဒါဆိုအရင်သွားနှင့်မယ်နော် ကားကိုဂရုစိုက်မောင်း "

" အေး အေး မင်းကော "
Jisoo လည်းထွက်သွားတော့။

" မ မ "
Lisa Jen ကိုလှည့်ကြည့်လိုက်တော့။

" wae...မတ်တပ်ကြီးအိပ်နေတာလားဟ မ လာလာသွားရအောင် မောင့် ကျောပေါ်တက် "
Lisa လည်း Jen ကိုကျောပိုးပြီးခေါ်သွားတယ်။ ကားနားရောက်တော့ Jen ကိုကားထဲထည့်လိုက်ကာ ခါးပတ်ပတ်ပေးပြီး သူလည်းမောင်းသူနေရာမှာဝင်ထိုင်လိုက်တယ်။ ကားမောင်းနေရင်း Jen ကိုကြည့်လိုက်တော့အိပ်ပျော်နေရင်းကားမှန်သွားသွားစောင့်နေတာကြောင့် သူ့ပခုံးပေါ် Jen အဆင်ပြေအောင်မှီအိပ်ခိုင်းလိုက်တယ်။ Jen အိမ်ရှေ့ရောက်တော့။

Love Shot //Jenlisa //ChaesooDonde viven las historias. Descúbrelo ahora