ဦး သို့ မောင်

459 60 0
                                    

Unicode

ဂျီမင်းတယောက်‌ဆော့ဂျင်ရုံးခန်းထဲမှပြေးထွက်လာရင်းလူတစ်ယောက်နဲ့တိုက်မိတော့သည်။

မင်းအဆင်ပြေရဲ့လား

ဂျီမင်း- ကျွန်တော်ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်

ထိုသို့ပြောပြီး အလျင်အမြန်မတ်တပ်ရပ်လိုက်ပြီးပြေးထွက်သွားသောဂျီမင်း။

ထိုလူလဲထိုကောင်လေးကိုကြည့်ပြီး

ဘာလို့သူကသူဌေးအခန်းထဲပြေးထွက်လာတာလဲ

ထို့နောက် ထိတ်လန့်သွားပြီး သူဌေးရုံးခန်းထဲသို့အလျင်အမြန်ပြေးဝင်လာတော့သည်။

သူအခန်းထဲရောက်တော့ သူဌေးကအေးအေးဆေးဆေးအလုပ်လုပ်နေသောကြောင့်သက်ပြင်းကိုမသိမသာချမိသည်။

ဂျင်- Mr. Jack

ဂျင်- ခင်ဗျား အလောတကြီးဘာလို့ပြေးဝင်လာတာလဲ

သူဌေးခုနကကောင်လေးကဘယ်သူလဲ

သူပြောလိုက်တော့ သူဌေးကပြုံးနေတော့သည်
သူဌေးအခုပြုံးလိုက်တာလား သူဌေးရဲ့အပြုံးတွေမမြင်ရတာတောင် တော်တော်ကြာပြီပဲ
သူကြည့်နေတာတွေ့တော့ သူ‌ဌေးကချက်ချင်းပြန်တည်သွားတော့သည်။

ဂျင်-Mr. Jack ခုနကပြေးထွက်သွားတဲ့ကောင်လေးအ‌ကြောင်းစုံစမ်းလိုက်

ဂျင်- ကျွန်တော် မနက်ဖြန်သိချင်တယ်

ကောင်းပါပြီသူဌေး

ဂျင်- ခင်ဗျားပြီးပြီဆိုရင်သွားတော့

ဒါဆိုကျွန်တော်ကိုခွင့်ပြုပါဉီးသူဌေး

ဂျင်- အင်း

........................................……………………….

ညနေရောက်တော့

ဂျီမင်းလဲအိမ်ပြန်သွားတော့သည်။သူအိမ်ပြန်လာတဲ့တလျှောက်လုံးဝမ်းနည်းနေမိသည်။

ဝမ်းနည်းမှာပေါ့ သူအခုမှမြင်ဖူးတဲ့သူစိမ်းတယောက်ကသူ့first kissကိုယူသွားတင်အားမရလို့သူရဲ့ second kissပါယူသွားတယ်လေ

သူအော်ငိုပစ်လိုက်ချင်မိတယ်။

……………….…….….….…....…..………………

ဦး သို့ မောင်Where stories live. Discover now