Episode-15

6.7K 738 89
                                    

#Unicode

သိပ်သည်းနက်နဲနေသော အနမ်းတို့မှာအချိန်ကြာလာတာတောင် ပြတ်တောက်သွားခြင်းမရှိ...။
ပုစွန်ဆီရောင်သန်းနေသည့် နေမင်းမှာ တိမ်တွေကြား တိုးဝင်သွားပြီး ထိုနေမင်းအစား ခပ်မှိန်မှိန်အလင်းရောင်ကိုပေးစွမ်းနေသော လမင်းက တိုးထွက်လို့လာသည်အထိ အနမ်းပင်လယ်ထဲ ကူးခတ်လို့ကောင်းနေ‌သည်မှာ နန်းဆောင်ထဲက ကောင်လေးနှစ်ယောက်ပင်....။

*အွတ်... ပြွတ်...အင့်*

ပြင်းရှလွန်းသည့်အနမ်းတွေကြောင့် မကြားအပ်ဖွယ်ရာအသံတွေဟာ နန်းဆောင်ထဲအနှံ့ထွက်လာတော့သည်...။
ကိုယ့်နှုတ်ခမ်းလွှာကို အပေါ်တစ်လှည့်၊ အောက်တစ်လှည့်ငုံထွေးနေရုံသာမက ခံတွင်းထဲအထိနယ်ချဲ့ကာ ခြယ်လှယ်နေသော ဂျွန့်အနမ်းတွေကို ငြင်းဆန်နိုင်ခြင်းမရှိစွာ စီးမျော်လိုက်ပါနေမိသည့် ကိုယ်...။

တကယ်ဆို ဒါဟာမဖြစ်သင့်ဘူးဆိုတဲ့အတွေးတွေ၊ ငြင်းဆန်စရာအကြောင်းတရားတွေ... မြောက်များစွာရှိနေပါလျက် ဘာကြောင့်များ ရှေ့ဆက်တိုးနေမိပါလိမ့်...။ ကိုယ့်ကိုကိုယ်လည်းနားမလည်နိုင်ပါပေ...။

နှုတ်ခမ်းတွေနဲ့မျက်နှာအနှံ့ကိုတစ်ဝကြီးကျက်စားပြီးသည့်နောက် ဂျွန့်အနမ်းတွေရဲ့ဦးတည်ရာက လည်ပင်းနုနုဆီ...။
ဖြူ‌ဖွေးဖွေး လည်ပင်းသားလေးတွေကို ခပ်ဖွဖွနမ်းရှိုက်နေတဲ့ ဂျွန့်ကြောင့် မျက်လုံးတွေကိုစုံမှိတ်ထားရင်း လက်ထဲကအိပ်ရာခင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်...။

နူးညံ့စွာနမ်းရှိုက်နေရာကနေ ရုတ်တရက် လျှာနဲ့စုပ်လာရင်း သွားတွေဖြင့်ပါတတိတိကိုက်ချလိုက်တဲ့အခါ...

"အ!"

လည်ပင်းထက်မှနာကျင်မှုကြောင့် ထွက်ပေါ်လာသည့် ကိုယ့်ရဲ့အသံ...။
သေချာတယ်၊ အကိုက်ခံလိုက်ရသည့် ထိုနေရာ သွေးထွက်သွားပြီဆိုတာ...။ အနီရောင်အကွက်အမှတ်အသားလည်းကျန်ခဲ့ဦးမှာ မလွဲမသွေပင်...။

အချိန်နဲ့အမျှ အဆင့်တက်လာတဲ့ ဂျွန့်အနမ်းတွေဟာ လည်ပင်းထံအနီရောင်အမှတ်အသားတွေပေးပြီးနောက် ခပ်ဟဟဖြစ်နေသည့် ဝတ်ရုံကိုဖယ်၍ ညှပ်ရိုးတွေအထိပါ ကျူးကျော်လို့လာသည်...။
ထို့နောက် ကိုယ့်ခန္ဓာကိုယ်အနှံ့လှုပ်ရှားနေသော ဂျွန့်လက်တို့မှာ ကိုယ့်ဝတ်ရုံရဲ့ကြိုးစလေးကိုဖြည်ချလာတဲ့အခါမှာတော့...

Emperor's Empress [Completed]Where stories live. Discover now