Episode-23

6.8K 722 121
                                    


#Unicode

"ဂျွန်..."

တိတ်ဆိတ်နေသောနှစ်ယောက်ကြား ခပ်သဲ့သဲ့ထွက်လာခဲ့သည်က ကိုယ့်ရဲ့အသံ...။
ဂျွန်ကတော့ နာကျင်နေတဲ့မျက်ဝန်းတွေနဲ့ ကိုယ့်ကိုမျက်တောင်မခတ်စိုက်ကြည့်ဆဲ...။
ဟိုဟိုဒီဒီရှုပ်ပွလို့နေတဲ့ အခန်းကိုကြည့်လိုက်၊ ဂျွန့်ကိုကြည့်လိုက်နဲ့ ဘာတွေဖြစ်နေလဲဆိုတာ လိုက်မမှီနိုင်တော့ဘဲ နားမလည်စွာကြောင်အနေမိစဉ်...

*ဒုတ်*

လက်ထဲမှာကိုင်ထားတဲ့ပုလင်းသေးသေးလေးကို ကြမ်းပြင်ပေါ်ပစ်ချလိုက်သော ဂျွန်...။
တစ်လိမ့်ပြီးတစ်လိမ့် လိမ့်လို့လာသော ထိုပုလင်းလေးက ကိုယ့်ခြေထောက်နားရောက်လို့လာ၏...။
ဂျွန့်ကိုတစ်ချက်ကြည့်ပြီး ထိုပုလင်းလေးကိုကောက်ယူလိုက်သည်...။
တစ်ဆက်တည်းမှာပင် ကိုယ့်ဆီတည့်တည့်ပစ်ထုတ်လိုက်သည့် စက္ကူလုံးကိုလည်း အလျင်အမြန်ပင်ဖမ်းလိုက်‌မိသည်...။

လက်ထဲကပုလင်းနဲ့ စက္ကူလုံးကိုကြည့်ပြီးနားမလည်စွာနဲ့ပဲ...

"ဒါတွေက ဘာတွေလဲ ဂျွန်...?"

တကယ်မသိလို့မေးလိုက်မိတဲ့ ကိုယ့်စကားမှာရယ်စရာများပါသွားလေသလား...။
ခပ်မဲ့မဲ့ ရယ်လာတဲ့ ဂျွန်ပါလေ...။

"အဲဒါက မင်းကိုမေးရမှာမဟုတ်ဘူးလား...?"

ဂျွန်ပြောလာတဲ့စကားတွေကို ကိုယ်နားမလည်...။

"ငါ့ခမည်းတော်ကိုသေစေခဲ့တဲ့ အဆိပ်ရည်ပုလင်းက ဘာလို့မင်းအခန်းထဲမှာရှိနေလဲဆိုတာ မင်းပဲသိမှာပေါ့..."

"အဆိပ်ရည်ပုလင်း...?"

ကိုယ်အံ့ဩစွာနဲ့ပဲ လက်ထဲကကိုင်ထားသည့် ပုလင်းကို စိုက်ကြည့်နေမိတော့သည်...။
ဒါက အဆိပ်ရည်ပုလင်းတဲ့လား...၊ အရှင်မင်းကြီး ဂျွန်ဒယ်မင်းကိုသေစေခဲ့တဲ့ အဆိပ်ရည်တဲ့လား...။
ဒါဆို ဘာလို့ဒီအဆိပ်ရည်ပုလင်းက ကိုယ့်အခန်းထဲရောက်နေပြီး၊ ဂျွန်ကကော ဘာလို့ ကိုယ့်ကိုဒီလိုအကြည့်တွေနဲ့ကြည့်နေရတာလဲ...။
တစ်ယောက်တည်း အဖြေမရှိသောမေးခွန်းပေါင်းစုံနဲ့ ယောက်ယတ်ခတ်နေမိစဉ်မှာပင်...

"ငါသာ ကံမကောင်းခဲ့ရင် အဲ့အဆိပ်ကြောင့် ငါလည်းသေခဲ့မယ်ထင်တယ်...၊ အခုလိုမင်းအရှေ့မှာတောင်ရပ်နေနိုင်မယ်မထင်ဘူး..."

Emperor's Empress [Completed]Where stories live. Discover now